ရခိုင္ျပည္နယ္ သံတြဲႏွင့္ စစ္ေတြၿမိဳ႕မ်ားတြင္ အနိမ့္ဆံုးအပူခ်ိန္ စံခ်ိန္တင္ေရာက္ရိွ

ရခိုင္ျပည္နယ္ သံတြဲႏွင့္ စစ္ေတြၿမိဳ႕မ်ားတြင္ အနိမ့္ဆံုးအပူခ်ိန္ စံခ်ိန္တင္ေရာက္ရိွ
ဒီဇင်ဘာ 30, 2018
By 🌸
ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕ႏွင့္ စစ္ေတြၿမိဳ႕မ်ားတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၀)ရက္ေန႔၌ အနိမ့္ဆံုးအပူခ်ိန္ ေရာက္ရိွသြားသျဖင့္ သံတြဲၿမိဳ႕တြင္ (၃၄)ႏွစ္အတြင္း အနိမ့္ဆံုးအပူခ်ိန္စံခ်ိန္သစ္ႏွင့္ စစ္ေတြၿမိဳ႕တြင္ (၅)ႏွစ္အတြင္း အနိမ့္ဆံုးအပူခ်ိန္စံခ်ိန္သစ္ ေရာက္ရိွသြားေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္သည္။

သံတြဲၿမိဳ႕တြင္ (၇၂)ႏွစ္တာကာလအတြင္း အနိမ့္ဆံုးအပူခ်ိန္အျဖစ္ ၁၉၈၄ ခုႏွစ္ ဒီဇင္ဘာလ (၂၂)ရက္ေန႔က (၆.၉)ဒီဂရီဖာရင္ဟိုက္ျဖင့္ စံခ်ိန္တင္ခဲ့ရာမွ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၀)ရက္ေန႔တြင္ (၆.၀)ဒီကရီစင္တီဂရိတ္သို႔ ေရာက္ရိွခဲ့ျခင္းျဖစ္ၿပီး စစ္ေတြၿမိဳ႕တြင္ ၂၀၁၃ ခုႏွစ္၊ ဒီဇင္ဘာလ(၁၆)ရက္ေန႔က အပူခ်ိန္ (၉.၀)ဒီဂရီစင္တီဂရိတ္ျဖင့္ အနိမ့္ဆံုးအပူခ်ိန္ စံခ်ိန္တင္ထားရာမွ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၀)ရက္ေန႔တြင္ (၈.၀)ဒီဂရီစင္တီဂရိတ္ျဖင့္ အနိမ့္ဆံုးအပူခ်ိန္ စံခ်ိန္သစ္တင္လုိက္ျခင္းျဖစ္သည္။

၂၀၁၈ ခုနွစ္၊ ဒီဇင္ဘာလ (၃၀)ရက္ေန႔မ်ား၏ ညအပူခ်ိန္မ်ားအေျခအေနမ်ားမွာ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္္တို႔တြင္ (၅)ဒီဂရီစင္တီဂရိတ္မွ (၁၀)ဒီဂရီစင္တီဂရိတ္ခန္႔၊ ကယားျပည္နယ္၊ ရခိုင္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၱေလးတိုင္းေဒသႀကီး ႏွင့္ မေကြးတိုင္းေဒသ ႀကီးတို႔တြင္ (၁၁)ဒီဂရီစင္တီဂရိတ္မွ (၁၅) ဒီဂရီစင္တီဂရိတ္ ဝန္းက်င္ႏွင့္ က်န္ေဒသမ်ားတြင္ (၁၆) ဒီဂရီစင္တီဂရိတ္မွ (၂၀) ဒီဂရီစင္တီဂရိတ္သို႔ အသီးသီးရိွေနႏုိင္ေၾကာင္း မိုးေလဝသပညာရွင္ ေဒါက္တာ ထြန္းလြင္က ခန္႔မွန္းထားသည္။

Tachileik News Agency

~~~~~~~~⊰❂Unicode Version ~~~~~~~~
ရခိုင်ပြည်နယ် သံတွဲနှင့် စစ်တွေမြို့များတွင် အနိမ့်ဆုံးအပူချိန် စံချိန်တင်ရောက်ရှိ
*************
ရခိုင်ပြည်နယ် သံတွဲမြို့နှင့် စစ်တွေမြို့များတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့၌ အနိမ့်ဆုံးအပူချိန် ရောက်ရှိသွားသဖြင့် သံတွဲမြို့တွင် (၃၄)နှစ်အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ်နှင့် စစ်တွေမြို့တွင် (၅)နှစ်အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ် ရောက်ရှိသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

သံတွဲမြို့တွင် (၇၂)နှစ်တာကာလအတွင်း အနိမ့်ဆုံးအပူချိန်အဖြစ် ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့က (၆.၉)ဒီဂရီဖာရင်ဟိုက်ဖြင့် စံချိန်တင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် (၆.ဝ)ဒီကရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး စစ်တွေမြို့တွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့က အပူချိန် (၉.ဝ)ဒီဂရီစင်တီဂရိတ်ဖြင့် အနိမ့်ဆုံးအပူချိန် စံချိန်တင်ထားရာမှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် (၈.ဝ)ဒီဂရီစင်တီဂရိတ်ဖြင့် အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်လိုက်ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့များ၏ ညအပူချိန်များအခြေအနေများမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် (၅)ဒီဂရီစင်တီဂရိတ်မှ (၁၀)ဒီဂရီစင်တီဂရိတ်ခန့်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသ ကြီးတို့တွင် (၁၁)ဒီဂရီစင်တီဂရိတ်မှ (၁၅) ဒီဂရီစင်တီဂရိတ် ဝန်းကျင်နှင့် ကျန်ဒေသများတွင် (၁၆) ဒီဂရီစင်တီဂရိတ်မှ (၂၀) ဒီဂရီစင်တီဂရိတ်သို့ အသီးသီးရှိနေနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~