လွှတ်တော်မှ စွပ်စွဲပြစ်တင်၍ ရာထူးတာဝန်မှ ရပ်စဲခံရသည့် ကယားပြည်နယ် ဝန်ကြီးချုပ်က မိဘပြည်သူသို့ မေတ္တာရပ်ခံစာထုတ်ပြန်

လွှတ်တော်မှ စွပ်စွဲပြစ်တင်၍ ရာထူးတာဝန်မှ ရပ်စဲခံရသည့် ကယားပြည်နယ် ဝန်ကြီးချုပ်က မိဘပြည်သူသို့ မေတ္တာရပ်ခံစာထုတ်ပြန်
စက်တင်ဘာ 3, 2020
By Tachileik News Agency
လွှတ်တော်မှ စွပ်စွဲပြစ်တင်၍ ရာထူးတာဝန်မှ ရပ်စဲခံရသည့် ကယားပြည်နယ် ဝန်ကြီးချုပ်က မိဘပြည်သူသို့ မေတ္တာရပ်ခံစာထုတ်ပြန်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့တွင် ရာထူးတာဝန်မှ ရပ်စဲခံရသည့်အမိန့်ထွက်လာပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်မှ မိဘ၊ ပြည်သူများသို့ မေတ္တာရပ်ခံခြင်းကို ထုတ်ပြန်လာသည်ကို တွေ့ရသည်။
"ကျွန်တော့်ကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဖြစ် တာဝန်ပေးအပ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မှစ၍ ယနေ့ အချိန်အထိ ကျွန်တော်ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကြိုးပမ်းခဲ့တယ် ဆိုတာ ရဲရဲကြီးအာမခံပါတယ်။"ဟု ဝန်ကြီးချုပ်၏ မေတ္တာရပ်ခံစာတွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ကယားပြည်နယ်လွှတ်တော်က ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့၌ စွပ်စွဲပြစ်တင်မှုအတည်ပြုလိုက်သဖြင့် နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးချုပ်အား စက်တင်ဘာလ (၃)ရက်နေ့၌ ရာထူးတာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။
Tachileik News Agency

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~