ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်နှင့် မြို့နယ်ရဲစခန်းတို့တွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေ

ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်နှင့် မြို့နယ်ရဲစခန်းတို့တွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေ
စက်တင်ဘာ 7, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ် ဒီမော့ဆိုမြို့ရှိ ငွေတောင်ဆည်နှင့် မြို့နယ်ရဲစခန်းတို့တွင် ယနေ့  ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ကတည်းက တိုက်ပွဲများဖြစ်နေပြီး လက်ရှိအချိန်ထိ အပြင်းအထန် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆို ငွေတောင်ဆည်တွင် အာဏာသိမ်းတပ်ကို KA, KNDF, PDF ပူးပေါင်းအဖွဲ့ ခုခံတိုက်ခိုက်နေပြီး ဒီမော့ဆိုမြို့နယ်ရဲစခန်းကို  ကရင်နီတပ်မတော် (KA )၊ KNDF နှင့် မဟာမိတ် PDF များ ဝင်ရောက်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ညနေ (၃)နာရီဝန်းကျင်ကတည်းက လွိုင်ကော်နှင့်ဒီမော့ဆိုမြို့နယ် အကြား ‌ဒေါပိုးစီကျေးရွာအနီးတွင် လာရောက်တပ်စွဲသော စစ်ကောင်စီတပ်များကို KNDF တပ်ရင်းများက  ခုခံတိုက်ခိုက်ခဲ့ရပြီးနောက် ဒီးမော့ဆိုမြို့နယ်အတွင်း (၅) မိုင်နှင့် (၆) မိုင်ကြားတွင် ညနေ (၅) နာရီဝန်းကျင်၌ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် လူနေရပ်ကွက်များတွင် နေအိမ်များပျက်စီးဆုံးရှုံးမှုများလည်းဖြစ်နေသည်။

ဆက်စပ်သတင်း

လွိုင်ကော်နှင့် ဒီမော့ဆိုကြား ယနေ့တိုက်ပွဲများတွင် အာဏာသိမ်းတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် လူနေအိမ် (၄)လုံးပျက်စီး