ကယားပြည်နယ်တွင်း (၁၅)ရက်ကြာ လုပ်ငန်းအချို့ပိတ်ရန်နှင့် ခရီးသွားလာခြင်းကန့်သတ်သည့်အမိန့်အား တစ်ရက်အကြာတွင် ပယ်ဖျက်

ကယားပြည်နယ်တွင်း (၁၅)ရက်ကြာ လုပ်ငန်းအချို့ပိတ်ရန်နှင့် ခရီးသွားလာခြင်းကန့်သတ်သည့်အမိန့်အား တစ်ရက်အကြာတွင် ပယ်ဖျက်
ဧပြီ 7, 2020
By Tachileik News Agency
ကယားပြည်နယ်တွင်း (၁၅)ရက်ကြာ လုပ်ငန်းအချို့ပိတ်ရန်နှင့် ခရီးသွားလာခြင်းကန့်သတ်သည့် အမိန့်အား တစ်ရက်အကြာတွင် ပယ်ဖျက်

ကယားပြည်နယ်တွင် ဧပြီလ (၆)ရက်နေ့က ထုတ်ပြန်ထားသည့် လုပ်ငန်းအချို့ယာယီပိတ်ရန်နှင့် ခရီးသွားလာခြင်းဆိုင်ရာ ယာယီတားမြစ်မိန့်ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင် ပယ်ဖျက်လိုက်ပြီဖြစ်သည်။

ပြည်နယ်တွင်း ဧပြီလ (၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ  အခြေခံလိုအပ်ချက်ကုန်စည်ပစ္စည်းဆိုင်များ၊ လုပ်ငန်းများမှလွဲ၍ ကျန်လုပ်ငန်းများပိတ်ရန်နှင့် ကုန်စည်စီးဆင်းမှုအတွက်မှလွဲ၍ ခရီးသွားလာမှုဆိုင်ရာများ ကန့်သတ်သည့် တားမြစ်မိန့်ကို ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် ပြည်နယ်တွင်း လူမှုစီးပွားရေး မထိခိုက်စေရန်အတွက် အဆိုပါအမိန့်ကြော်ငြာစာအား ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ဧပြီလ (၇)ရက်နေ့တွင် ထုတ်ပြန်လာသည်။

တားမြစ်မိန့်ဖျက်လိုက်သော်လည်း COVID 19 မကူးစက်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအတိုင်း လိုက်နာကြရန် တိုက်တွန်းထားသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~