တာခ်ီလိတ္ခရိုင္အတြင္း ေရာ္ဘာစိုက္ပ်ိဳးထိန္းသိမ္းျခင္းႏွင့္ အေစးျခစ္ျခင္းတို႔အတြက္ ရက္ (၂၀) သင္တန္းေပးရန္ အစီအစဥ္ရွိ

တာခ်ီလိတ္ခရိုင္အတြင္း ေရာ္ဘာစိုက္ပ်ိဳးထိန္းသိမ္းျခင္းႏွင့္ အေစးျခစ္ျခင္းတို႔အတြက္ ရက္ (၂၀) သင္တန္းေပးရန္ အစီအစဥ္ရွိ
ဇူလိုင် 7, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္အတြင္းရိွ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သည့္လုပ္ငန္းရွင္မ်ားႏွင့္ ရာဘာၿခံလုပ္သားမ်ားကို ရာဘာစိုက္ပ်ိဳးထိန္းသိမ္းျခင္းႏွင့္ စနစ္တက်အေစးျခစ္ႏိုင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္ရိွ ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနရံုးတြင္ ရက္ေပါင္း (၂၀) သင္တန္းေပးရန္အတြက္ စီစဥ္ေနေၾကာင္း သိရသည္။

"ဟိုေန႔က မိုးကာစနစ္နဲ႔ အေစးထုတ္တဲ့စနစ္ကို သင္တန္းျပန္လုပ္ဖို႔ရိွတယ္။ ကၽြန္ေတာ့္ရံုးမွာပဲ သင္တန္းသားေတြ ရက္ (၂၀) လုပ္ရမယ္။ ဒီမွာပဲအိပ္၊ ဒီမွာပဲေနေပါ့။ တစ္ခ်ိဳ႕ၿခံေတြကလည္း သူတို႔ၿခံမွာပဲ သင္တန္းလာေပးဖို႔ ေတာင္းဆိုတာေတြရိွတယ္"ဟု စိုက္ပ်ဳိးေရးဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးလွ၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ရာဘာစိုက္ပ်ိဳးမႈမွာ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ႏိႈင္းယွဥ္ပါက ထြက္ႏႈန္းမ်ားစြာကြာဟေနၿပီး ရာဘာအေစးျခစ္သည့္စနစ္မွာ စနစ္တက်ျဖစ္ေစရန္ႏွင့္ မိုးရာသီကာလတြင္ ရာဘာၿခံမ်ားမွ အေစးထုတ္လုပ္ႏိုင္မႈမရိွပဲ ရပ္နားထားရသျဖင့္ မိုးကာစနစ္အသံုးၿပဳၿပီး ရာဘာေစးထုတ္လုပ္ႏိုင္ရန္အတြက္ သင္တန္းမ်ားပို႔ခ်ရန္စီစဥ္ျခင္းျဖစ္ေၾကာင္း သိရသည္။ 

တာခ်ီလိတ္ခရိုင္အတြင္း   စိုက္ပ်ိဳးေရးလုပ္ငန္းဆိုင္ရာ အခက္အခဲမ်ားေျဖရွင္းရန္ အကူအညီလိုအပ္ျခင္းမ်ားအတြက္ ဖုန္း ၀၈၄-၅၁၄၈၈ ႏွင့္ ၀၉ ၅၂၅၃၁၀၅ အျပင္ တာခ်ီလိတ္ခရိုင္အတြင္းရွိ စိုက္ပ်ဳိးေရးဦးစီးဌာနရံုးမ်ားသို႔ ဆက္သြယ္ႏိုင္ေၾကာင္းလည္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် ရာဘာခြံလုပ်သားများကို ရာဘာစိုက်ပျိုးထိန်းသိမ်းခြင်းနှင့် စနစ်တကျအစေးခြစ်နိုင်ရန်အတွက် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ရက်ပေါင်း (၂၀) သင်တန်းပေးရန်အတွက် စီစဉ်နေကြောင်း သိရသည်။

"ဟိုနေ့က မိုးကာစနစ်နဲ့ အစေးထုတ်တဲ့စနစ်ကို သင်တန်းပြန်လုပ်ဖို့ရှိတယ်။ ကျွန်တော့်ရုံးမှာပဲ သင်တန်းသားတွေ ရက် (၂၀) လုပ်ရမယ်။ ဒီမှာပဲအိပ်၊ ဒီမှာပဲနေပေါ့။ တစ်ချို့ခြံတွေကလည်း သူတို့ခြံမှာပဲ သင်တန်းလာပေးဖို့ တောင်းဆိုတာတွေရှိတယ်"ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးလှဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ရာဘာစိုက်ပျိုးမှုမှာ အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ထွက်နှုန်းများစွာကွာဟနပြေီး ရာဘာအစေးခြစ်သည့်စနစ်မှာ စနစ်တကျဖြစ်စေရန်နှင့် မိုးရာသီကာလတွင် ရာဘာခြံများမှ အစေးထုတ်လုပ်နိုင်မှုမရှိပဲ ရပ်နားထားရသဖြင့် မိုးကာစနစ်အသုံးပြုပြီး ရာဘာစေးထုတ်လုပ်နိုင်ရန်အတွက် သင်တန်းများပို့ချရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အခက်အခဲများဖြေရှင်းရန် အကူအညီလိုအပ်ခြင်းများအတွက် ဖုန်း ဝ၈၄-၅၁၄၈၈ နှင့် ဝ၉ ၅၂၅၃၁၀၅ အပြင် တာချီလိတ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net