တာချီလိတ်မြို့ လွယ်တော်ခမ်း ကမ်းပါးနံရံ ပြုပြင်ရန် ကျပ်သိန်း (၆၀၀)ကျော် ကုန်ကျဖွယ်ရှိ

တာချီလိတ်မြို့ လွယ်တော်ခမ်း ကမ်းပါးနံရံ ပြုပြင်ရန် ကျပ်သိန်း (၆၀၀)ကျော် ကုန်ကျဖွယ်ရှိ
စက်တင်ဘာ 26, 2014
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်သည် မိုးကာလရောက်သည့် အခါကာလတိုင်း၌ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် မယ်ဆိုင်ချောင်းမှ တဆင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိရာ စက်တင်ဘာလထဲတွင် ရေကြီးရေလျှံမှု (၂)ကြိမ်တိတိ ဖြစ်ပေါ်ခဲ့ပြီးနောက် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မယ်ဆိုင်ချောင်းဘေးရှိ လွယ်တော်ခမ်း ကမ်းပါးမှာ ပြိုကျနေပြီး မော်တော်ယာဉ်များ အသွားအလာအတွက် အန္တရာယ်ရှိနေကြောင်း တွေ့မြင်ရသည်။

အဆိုပါ ကမ်းပါးပြိုနေမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဆည်မြောင်း ဦးစီးအရာရှိ ဦးဟန်ထွန်း နှင့်အတူ မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌ ဦးကြည်မြင့်၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ငြိမ်း နှင့် CNCMC အဖွဲ့မှ သွားရောက်၍ ကမ်းပါးအား အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် တိုင်းတာစစ်ဆေးခဲ့ကြသည်။

လွယ်တော်ခမ်း ကမ်းပါးပြိုကျမှုတွင် ကျောက်ကြီးစီကာရံနိုင်ရန်အတွက် မိုင်းဆတ်ဘက်မှ လာသော် (၅၂)ပေ နှင့် တာချီလိတ်ဘက်မှ လာသော် (၁၂၅)ပေ စုစုပေါင်း (၁၇၇)ပေရှိကြောင်း တိုင်းတာစစ်ဆေးမှုအရ  သိရပြီး တိုင်းတာစစ်ဆေးမှုနှင့်အညီ တွက်ချက်ကြည့်ရာ ခန့်မှန်း ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း (၆၀၀)ကျော် ကုန်ကျမှုရှိနိုင်ကြောင်း နှင့် တိုင်းတာ စစ်ဆေးတွေ့ရှိချက်ကို လုပ်ငန်းအမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန်အတွက် အဆင့်ဆင့်တင်ပြသွားမှာ ဖြစ်ကြောင်း သိရသည်။

ယခင်က အဆိုပါနေရာတွင် ကျောက်ကြီးစီကာရံ၍ ပြုလုပ်ထားသည်မှာ (၆၄)ပေရှိခဲ့ရာ ရေကြီးရေလျှံမှု နှင့် ရေစီး အရှိန်အဟုန်တို့ကို ကြံ့ကြံ့ခံနိုင်ရန်အတွက် (၆၄)အလျားရှိသည့် ကမ်းပါးနံရံအား ကျပ်သိန်းပေါင်း (၁၆၀)အကုန်အကျခံကာ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

"ရေကြီးရေလျှံတုန်းက ဒီကမ်းပါးက တခါတည်း ပြိုကျလာတာမဟုတ်ဘူး၊ တဖြေးဖြေးနဲ့ဖြစ်တာ၊ ဒီနားမှာ သစ်ပင်နှစ်ပင်ရှိတယ်၊ တစ်ပင်တော့ အမြစ်ပါလန်ပြီး ရေစီးထဲပါသွားတယ်..."ဟု ကမ်းပါးနှင့် အနီးဝန်းကျင်မှ အမျိုးသားတစ်ဦးက  ပြောပြသည်။

ယခုဖြစ်ပေါ်သော နေရာသည် ကျောက်ကြီးစီထားသော ကမ်းပါးနံရံ၏ ဘယ်ညာ တွင် ဖြစ်ပေါ်နေပြီး ယခင်က ဆောင်ရွက်ထားပြီးသော ကမ်းပါးနံရံကို အနည်းအငယ်သာ ရေတိုက်စားထားသည်ကိုလည်း တွေ့ရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့ လွယ်တော်ခမ်း ကမ်းပါးနံရံ ပြန်လည်ပြုပြင်ရန် ကျပ်...

15 photos