တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် လာစစ်သူ (၁၀)ဦးရှိရာ Covid-19 ပိုးမတွေ့

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် လာစစ်သူ (၁၀)ဦးရှိရာ Covid-19 ပိုးမတွေ့
ဒီဇင်ဘာ 12, 2020
By Tachileik News Agency
 
တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် လာစစ်သူ (၁၀)ဦးရှိရာ   Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်မြို့ရှိ တာချီလိတ်ဆေးရုံဟောင်းအတွင်း Covid-19 စစ်ဆေးပေးနေသည့် Fever Clinic တွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်း(၁၀)နာရီခွဲအထိ မိမိဆန္ဒအလျောက် လာရောက်စစ်ဆေးမှု ခံယူသူ စုစုပေါင်း (၁၀)ဦးရှိရာ  အားလုံးတွင် ပိုးမတွေ့ကြောင်း သိရသည်။
Fever Clinic သို့ မိမိဆန္ဒအလျောက် လာရောက်စစ်သူမှာ ယနေ့အတွက် (၁၀)ဦးသာရှိသော်လည်း အတည်ပြုလူနာများနှင့် ထိတွေ့သူများ နှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၁၇၃)ဦး၏ ဓါတ်ခွဲနမူနာများကို  တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့စစ်ရန်အတွက် ရယူထားပြီဖြစ်ကြောင်း သိရသည်။
"ဒီနေ့ တောင်ကြီးပို့ဖို့ (၁၁)ရက်ပြည့်တဲ့လူတွေကို နှာခေါင်းတို့ပတ်နဲ့ အာခေါင်တို့ပတ်ယူတာ၊ Fever Clinic မှာ လာစစ်တာတော့ (၁၀)ယောက်ပဲ။ အကုန်လုံး Negative"ဟုတာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
Fever Clinic သို့ နံနက်ပိုင်း၌ မိမိဆန္ဒအလျောက် လာရောက်ကာ စစ်ဆေးမှု ခံယူသူများတွင် ပိုးမတွေ့ရသော်လည်း ရုတ်တရက် အနံ့ပျောက်သူများနှင့် ရောဂါလက္ခဏာပြသူများအနေဖြင့် အချိန်မရွေး လာရောက် စစ်ဆေးပါက ပေါ်လာနိုင်ကြောင်း သိရသည်။

Fever Clinic တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့မှ (၁)ရက်နေ့အထိ လာရောက်စစ်ဆေးမှုခံယူသူများသော်လည်း နောက်ပိုင်းတွင် လာရောက်စစ်ဆေးမှု ခံယူသူ လျော့နည်းလာကြောင်း သိရသည်။ 

တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့ နေ့လည်ပိုင်းအထိ အတည်ပြုလူနာတွေ့ရှိမှု (၉၆)ဦးအထိ ရှိလာပြီဖြစ်ပြီး (၅၅)ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်၍ လက်ရှိတွင် (၄၁)ဦး နေအိမ်ပြန်ရန် ကျန်ရှိနေသည်။  
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~