တာချီလိတ်မြို့တွင် COVID-19 ကြောင့် အပါအဝင် ချစ်ကြည်ရေးတံတား(၁) ပိတ်ထားမှုကြောင့် ကုန်ဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချသူများကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ပြီး အရေးယူမှုအထိ ဆောင်ရွက်မည်

တာချီလိတ်မြို့တွင် COVID-19 ကြောင့် အပါအဝင် ချစ်ကြည်ရေးတံတား(၁) ပိတ်ထားမှုကြောင့် ကုန်ဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချသူများကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ပြီး အရေးယူမှုအထိ ဆောင်ရွက်မည်
မတ် 23, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် COVID-19 ကြောင့် အပါအဝင် ချစ်ကြည်ရေးတံတား(၁) ပိတ်ထားမှုကြောင့် ကုန်ဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချသူများကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ပြီး အရေးယူမှုအထိ ဆောင်ရွက်မည်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်က COVID-19 ရောဂါကြောင့် ချစ်ကြည်ရေးတံတား(၁)အား ယာယီပိတ်ထားသည့်အတွက် ကုန်ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချနေသူများကို စိစစ်ဖေါ်ထုတ် အရေးယူသွားရန် စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး စစ်ဆေးအရေးယူမှုများ လုပ်ဆောင်တော့မည်ဖြစ်သည်။

ကုန်ဈေးနှုန်းနဲ့ပတ်သက်တဲ့ ကိစ္စတွေကတော့ အုပ်ချုပ်ရေးမှူးရုံးတွေကနေ ရပ်ကွက်ထဲကို ကျယ်ကျယ်ပြန့်ပြန့် ဆော်သြသွားမယ်။ ကျွန်တော်တို့ တံတား (၁)ကို ပိတ်ပေမဲ့ တံတား (၂)မှာ ကုန်စည်စီးဆင်းမှုရှိနေမှာဖြစ်တဲ့အတွက် ဒီကုန်ဈေးနှုန်းတွေ တိုးမြှင့်ပြီး မရောင်းချဖို့၊ ရောင်းချတာစစ်ဆေးတွေ့ရှိလို့ရှိရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်ဆိုတဲ့ ကိစ္စမျိုးပေါ့နော်။ ဒါတွေကို ရပ်ကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပေး ဆောင်ရွက်တာတွေကို  ဆောင်ရွက်ပါမယ်။ တစ်နေ့ကို (၃)ကြိမ်လုပ်မယ်။ ဆော်သြတဲ့အခါမှာလည်း မြန်မာလိုရော၊ ရှမ်းလိုရော ဆော်သြသွားမှာဖြစ်ပါတယ်။ စစ်ဆေးရေးအဖွဲ့နဲ့ ပတ်သက်လို့လည်း ကော်မတီဖွဲ့ထားပါတယ်။ ကုန်ဈေးနှုန်းတွေ တိုးမြှင့်ပြီးရောင်းချနေတယ်ဆိုတာ တိုင်ကြားချင်ရင် စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားရမှာဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုလည်း တိုင်ကြားနိုင်ပါတယ်

ဟု တာချီလိတ်မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၃)ရက်နေ့တွင် ပြောသည်။

ကုန်ဈေးနှုန်း တိုးမြှင့်ရောင်းချမှုများ စိစစ်ရေးကော်မတီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ FDA၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ သက်ဆိုင်ရာရပ်ကျေး/အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းထားပြီး လှည့်လည်စစ်ဆေးမှုအတွင်း  ကုန်ဈေးနှုန်း အဆမတန် တိုးမြှင့်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါက ပထမအကြိမ် ပညာပေးခြင်းဆောင်ရွက်ပြီး ဒုတိယအကြိမ် ထပ်မံတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ ကိုရိုနာဗိုင်းရပ်စ် (COVID 19)ထိန်းချုပ်ရန် တာချီလိတ်ရှိ နယ်စပ်တံတား (၂)စင်းမှ လူအဝင်အထွက် ပြုလုပ်ခြင်းကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားသော်လည်း ထိုင်းဘက်မှ ကုန်စည်တင်ပို့မှုကို အမှတ် (၂)တံတားမှ နေ့စဉ်ခွင့်ပြုသွားမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~