တာချီလိတ်မြို့ပေါ်ရှိ အထက်တန်းကျောင်း(၃)ကျောင်းအား အမှတ်စဉ်အလိုက် သတ်မှတ်ရန် ဆောင်ရွက်နေ

တာချီလိတ်မြို့ပေါ်ရှိ အထက်တန်းကျောင်း(၃)ကျောင်းအား အမှတ်စဉ်အလိုက် သတ်မှတ်ရန် ဆောင်ရွက်နေ
ဇူလိုငျ 9, 2019
By Tachileik News Agency


မြန်မာနိုင်ငံမြို့ကြီးများတွင် အခြေခံပညာကျောင်းများကို ရပ်ကွက်အလိုက် ခေါ်ဆိုခြင်းမရှိဘဲ အမှတ်စဉ်အလိုက်သာ ခေါ်ဆိုနေသဖြင့် တာချီလိတ်မြို့ပေါ်ရှိ ကျောင်းများကို ရပ်ကွက်အလိုက်ခေါ်ဆိုနေမှုအစား အမှတ်စဉ် အလိုက်ခေါ်ဆိုရန်ပြင်နေခြင်းဖြစ်ကြောင်း သိရသည်။



တာချီလိတ်တွင် အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် အထက(တာချီလိတ်)၊ အထက(ဆန်ဆိုင်း)၊ အထက(ဟောင်လိတ်) နှင့် အထက(မိုင်းကိုး)တို့ရှိပြီး ပုန်းထွန်ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းအား အထက(ခွဲ)ပုန်းထွန်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။


တာချီလိတ်မြို့နယ်အတွင်း မြို့ပေါ်တွင် စာသင်ကျောင်း (၂၂) ကျောင်း၊ မိုင်းဖုန်းကျေးရွာအုပ်စုတွင် စာသင်ကျောင်း (၁၅) ကျောင်း၊ တာလေမြို့တွင် စာသင်ကျောင်း (၂၁) ကျောင်း၊ ဟောင်လိတ်ကျေးရွာအုပ်စုတွင် စာသင်ကျောင်း (၁၈) ကျောင်း၊ မိုင်းကိုးကျေးရွာအုပ်စုတွင် စာသင်ကျောင်း (၂၁) ကျောင်း၊ ပါလိုင်ကျေးရွာအုပ်စုတွင် စာသင်ကျောင်း (၉) ကျောင်းနှင့် ကျိုင်းလပ်မြို့တွင် စာသင်ကျောင်း (၂၁) ကျောင်း စုစုပေါင်း (၁၂၇) ကျောင်းရှိပြီး အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၃) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၆) ကျောင်း၊ အခြေခံပညာအလယ်တန်း(ခွဲ) (၄) ကျောင်း၊ အခြေခံပညာမူလတန်း(လွန်) (၁၃) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၇၅) ကျောင်းနှင့် အခြေခံပညာမူလတန်း(ခွဲ)ကျောင်း (၂၀) ကျောင်းတို့ ဖြစ်ကြောင်း သိရသည်။ 

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်းဖြစ်သည့် အထက(တာချီလိတ်)၊ အထက(ဆန်ဆိုင်း)နှင့် အထက(ဟောင်လိတ်) ကျောင်းများကို အမှတ်စဉ်အလိုက်သတ်မှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

မြန်မာနိုင်ငံမြို့ကြီးများတွင် အခြေခံပညာကျောင်းများကို ရပ်ကွက်အလိုက် ခေါ်ဆိုခြင်းမရှိဘဲ အမှတ်စဉ်အလိုက်သာ ခေါ်ဆိုနေသဖြင့် တာချီလိတ်မြို့ပေါ်ရှိ ကျောင်းများကို ရပ်ကွက်အလိုက်ခေါ်ဆိုနေမှုအစား အမှတ်စဉ် အလိုက်ခေါ်ဆိုရန်ပြင်နခြေင်းဖြစ်ကြောင်း သိရသည်။

"ပညာရေးဌာန စီမံခန့်ခွဲရေးကို တင်ပေးရမယ်။ ဒီတစ်ပတ်အတွင်း ပြီးအောင်တင်မှာပေါ့။ မြို့နယ်ထဲကကျောင်းတွေ မပါဘူးပေါ့။ မြို့ပေါ်ပဲ မှတ်ရခက်လို့ မြို့ပေါ်ပဲတင်မှာပါ။ ဟောင်လိတ်ရယ်၊ ဆန်ဆိုင်းရယ်၊ အထက(၁) ရယ်ပေါ့"ဟု တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးအောင်သင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ညွှန်ကြားချက်ကျလာပါက အထက(တာချီလိတ်)အား အထက(၁)အဖြစ် လည်းကောင်း၊ အထက(ဆန်ဆိုင်း)အား အထက(၂)အဖြစ် လည်းကောင်း၊ အထက(ဟောင်လိတ်)အား အထက(၃)အဖြစ် လည်းကောင်း ဖြစ်လာနိုင်ကြောင်း သိရသည်။

တာချီလိတ်တွင် အခြေခံပညာအထက်တန်းကျောင်းအနဖြေင့် အထက(တာချီလိတ်)၊ အထက(ဆန်ဆိုင်း)၊ အထက(ဟောင်လိတ်) နှင့် အထက(မိုင်းကိုး)တို့ရှိပြီး ပုန်းထွန်ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းအား အထက(ခွဲ)ပုန်းထွန်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
တာချီလိတ်မြို့ရှိ အခြေခံပညာအထက်ကျောင်းများကို အမှတ်စဉ်အလိုက်သတ်မှတ်ပေးနိုင်ရန်အတွက် တာချီလိတ်မြို့ရှိ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၏ ၂၀၁၉ ခုနှစ် ဇွန်လ (၂၅) ရက်နေ့ တာချီလိတ်မြို့ခရီးစဉ်တွင် နှုတ်ဖြင့်တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက စာဖြင့်တင်ပြပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

တာချီလိတ်မြို့နယ်အတွင်း မြို့ပေါ်တွင် စာသင်ကျောင်း (၂၂) ကျောင်း၊ မိုင်းဖုန်းကျေးရွာအုပ်စုတွင် စာသင်ကျောင်း (၁၅) ကျောင်း၊ တာလမြေို့တွင် စာသင်ကျောင်း (၂၁) ကျောင်း၊ ဟောင်လိတ်ကျေးရွာအုပ်စုတွင် စာသင်ကျောင်း (၁၈) ကျောင်း၊ မိုင်းကိုးကျေးရွာအုပ်စုတွင် စာသင်ကျောင်း (၂၁) ကျောင်း၊ ပါလိုင်ကျေးရွာအုပ်စုတွင် စာသင်ကျောင်း (၉) ကျောင်းနှင့် ကျိုင်းလပ်မြို့တွင် စာသင်ကျောင်း (၂၁) ကျောင်း စုစုပေါင်း (၁၂၇) ကျောင်းရှိပြီး အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၃) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၆) ကျောင်း၊ အခြေခံပညာအလယ်တန်း(ခွဲ) (၄) ကျောင်း၊ အခြေခံပညာမူလတန်း(လွန်) (၁၃) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၇၅) ကျောင်းနှင့် အခြေခံပညာမူလတန်း(ခွဲ)ကျောင်း (၂၀) ကျောင်းတို့ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net