တာချီလိတ်မှ ဒေသခံတောင်သူများကို စိုက်ပျိုးရေးဌာနက တရုတ်ရာဘာအစေးလှီးနည်းပညာ ပို့ချ

တာချီလိတ်မှ ဒေသခံတောင်သူများကို စိုက်ပျိုးရေးဌာနက တရုတ်ရာဘာအစေးလှီးနည်းပညာ ပို့ချ
ဖေဖော်ဝါရီ 26, 2020
By Tachileik News Agency

တာချီလိတ်မှ ဒေသခံတောင်သူများကို စိုက်ပျိုးရေးဌာနက တရုတ်ရာဘာအစေးလှီးနည်းပညာ ပို့ချ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့၌ ဒေသတွင်းမှ တောင်သူများကို တရုတ်နိုင်ငံမှ ရာဘာအစေးလှီးနည်းပညာနှင့် နယ်စပ်မှ ရာဘာဈေးကွက်များကို ပို့ချရှင်းလင်းသည်။

တာချီလိတ်ခရိုင်ဦးစီးမှူးရုံး ဒုတိယဦးစီးမှူး ဦးလွှမ်းမိုးသူက တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရော်ဘာအစေးလှီးခြင်း နည်းပညာသင်တန်းတက်ရောက်ခဲ့သည့် သင်ခန်းစာများနှင့် ဆစ်ဆောင် ပန်းနားမြို့၊ လင်ချမ်းမြို့၊ မုန်တင်မြို့၊ ချမ်းယွမ်မြို့၊ ချင်းရွှေဟော်နယ်စပ်ဂိတ်၊ နန်စန်နယ်စပ်ဂိတ်၊ မိုင်းမောနယ်စပ်ဂိတ်များရှိ ရော်ဘာ ကုန်သွယ်မှု အခြေအနေနှင့် စီးပွားရေးပေါ်လစီများ၊ Semi-products ထုတ်လုပ်သော ရော်ဘာစက်ရုံများ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်မည့် အနာဂတ်အလားအလာအခြေအနေများအား လေ့လာ ရရှိခဲ့သော အတွေ့အကြုံများကို ပြန်လည်ပို့ချပေးကာ စာတွေ့အပြင် လက်တွေ့အစေးလှီးခြင်းများကို သရုပ်ပြခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် တာချီလိတ်ခရိုင်ဦးစီးမှူးရုံး၊ တောင်သူပညာပေးသင်တန်းခန်းမ၌ တောင်သူ (၂၀) ဦးကို ပို့ချခဲ့ခြင်းဖြစ်ရာ ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်းက မြန်မာ့ရာဘာဖွံ့ဖြိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများရရှိလာစေရေးအတွက် အမှာစကား ပြောကြားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - စိုက်ပျိုးရေး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~