တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နေအိမ်အခန်းငှားတွင် လိုင်စင်ပါသည့် ဆိုင်ကယ်တစ်စီး ခိုးခံရ

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နေအိမ်အခန်းငှားတွင် လိုင်စင်ပါသည့် ဆိုင်ကယ်တစ်စီး ခိုးခံရ
အောက်တိုဘာ 22, 2020
By Tachileik News Agency

 

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နေအိမ်အခန်းငှားတွင် လိုင်စင်ပါသည့် ဆိုင်ကယ်တစ်စီး ခိုးခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ဆန်ဆိုင်းအနီးရှိ နေအိမ်အခန်းငှားတွင် ဆိုင်ကယ်တစ်စီး ခိုးခံရ၍  ရဲစခန်းသို့ အသိပေးအကြောင်းကြားထားရှိပြီး ဆိုင်ကယ်အား လာရောက်ရောင်းချသူများရှိပါက ဆက်သွယ်အကြောင်းကြားပေးနိုင်ကြောင်း သိရသည်။

"အရှေ့မှာ တံခါးရှိတယ် မပိတ်ထားရဘူး။ အိမ်ခန်းငှားမှာ လူအများကြီးနေတယ်ဆိုတော့ ပုံမှန်ဆိုလည်း မပိတ်ဘူး၊ ဆိုင်ကယ်က ဇက်သော့ခတ်ထားတယ်။ ကျွန်တော်အိပ်တာနောက်ကျတယ် မနက် (၃)နာရီလောက်မှ အိပ်တာ အဲ့တုန်းက ဆိုင်ကယ်ရှိသေးတယ်။ (၅)နာရီ (၆)နာရီလောက်မှ ပျောက်သွားတာ။  ရဲစခန်းကိုတော့ ပြောထားပြီးပြီ။ ဆိုင်ကယ်က လိုင်စင်ပါတယ်။ မကြာသေးခင်ကမှ သက်တမ်းတိုးထားတာ"ဟု ဆိုင်ကယ်ပိုင်ရှင်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၂၂)ရက်နေ့တွင် ပြောသည်။

ခိုးခံရသည့် ဆိုင်ကယ်အရောင်မှာ အနီနက် ဖြစ်ကာ ၂၀၁၉ ခုနှစ်ထုတ် Honda Wave 125 အမျိုးအစားဖြစ်ပြီး ၂၀၂၀ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့ နံနက် အစောပိုင်းက ခိုးခံရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကယ်၏ စက်အမှတ်မှာ JA210E-0159070 ဖြစ်ပြီး ဘောင်အမှတ်မှ MLHJA2103H-5159070 ဖြစ်ကြောင်းနှင့် ဆိုင်ကယ်လိုင်စင် အမှတ်မှာ SHN - 16099 ဖြစ်သည့်အတွက် လာရောက်ရောင်းချသည်ဖြစ်စေ တစ်နေရာရာတွင် တွေ့ရှိသည်ဖြစ်စေ ရဲစခန်းသို့ဖြစ်စေ ဆိုင်ကယ်ပိုင်ရှင်၏ ဖုန်းဖြစ်သည့် 09777238677 သို့စေ ဆက်သွယ်အကြောင်းနိုင်ကြောင်း အသိပေးထားရှိသည်။
  Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~