ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ကို ညမထွက်ရအမိန့် AA ထုတ်ပြန်

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ကို ညမထွက်ရအမိန့် AA ထုတ်ပြန်

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းမူဆလင်များက ဒေသခံများ၏နေအိမ်များအား ဖောက်ထွင်းခိုးယူခြင်း၊ မီးရှို့ခြင်းများကြောင့် ညမထွက်ရအမိန့်ထုတ်ပြန်ကြောင်း AAက ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ(၂၆) ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ပူးပေါင်းမူဆလင်များသည် ရခိုင်ပြည်သူလူထု၏ လုံခြုံရေးကို ခြိမ်းခြောက်သည့်လုပ်ရပ်များအား ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ဆက်တိုက်ပြုလုပ်လာခြင်းကြောင့် ဧပြီလ (၂၆)ရက်နေ့မှစတင်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမိန့်ကို ရုတ်သိမ်းကြောင်း မထုတ်ပြန်မခြင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မပျက်မကွက်လိုက်နာရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက အရေးယူမည်ဟုလည်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk