လောင်းလုံးမြို့တွင် ဆိုင်တစ်ဆိုင်အတွင်း‌ မွေးနေ့ပွဲလုပ်ရန် ရောက်ရှိနေသည့် လူငယ်(၂၀)ကျော်ကို စစ်ကောင်စီတပ်က ဝင်ဖမ်း

လောင်းလုံးမြို့တွင် ဆိုင်တစ်ဆိုင်အတွင်း‌ မွေးနေ့ပွဲလုပ်ရန် ရောက်ရှိနေသည့် လူငယ်(၂၀)ကျော်ကို စစ်ကောင်စီတပ်က ဝင်ဖမ်း
ဖေဖော်ဝါရီ 22, 2022 | အခြားဒေသများ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာရှိ ဆိုင်တဆိုင်၌ မွေးနေ့ပွဲပြုလုပ်ရန်‌ရောက်ရှိနေသည့် လူငယ်(၂၀)ကျော်အား ယနေ့ဖေဖော်ဝါရီလ(၂၂)ရက်တွင် စစ်ကောင်စီတပ်က မတရားဖမ်းဆီးသွားကြောင်း ဒေသခံများ ကပြောသည်။

အဆိုပါ ဖမ်းဆီးခံရသော လူငယ်များတွင် အသက်မပြည့်သေးသည့် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်ကြောင်း သိရသည်။

ဖမ်းတာကတော့ ဒလန်တိုင်ကြားချက်လိုတော့ ယူဆပါတယ်။ ပထမကားနှစ်စီးနဲ့ ကင်းလှည့်နေတာ။ နောက်တခါရောက်တော့ အချုပ်ကားတွေပါ အကုန်ထွက်လာပြီး အကုန်ဖမ်းခေါ်သွားတယ်။

ဟု ပြည်သူတစ်ဦးက ပြောသည်။

ယနေ့သည် နိုင်ငံတဝှမ်း နှစ်ခြောက်လုံးသပိတ် ပြုလုပ်ရန် နှိုးဆော် ထားသည်ကို အကြမ်းဖက်စစ်ကောင်စီက ကြောက်ရွံ့နေသဖြင့် ယခုကဲ့သို့ ဖမ်းဆီးသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။