မုံရွာတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေကာ လက်နက်ခဲယမ်းများ ဒေသကာကွယ်ရေးတပ်က သိမ်းဆည်းရရှိ

မုံရွာတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေကာ လက်နက်ခဲယမ်းများ ဒေသကာကွယ်ရေးတပ်က သိမ်းဆည်းရရှိ
အောက်တိုဘာ 23, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သာစည်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ ထံမှ လက်နက်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အမတ(၅၀၈)အမြောက်တပ်မှ သာစည်ကျေးရွာသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ နောက်ချန်တပ်ဖွဲ့အား မုံရွာခရိုင်တပ်ရင်း (၂၇) တပ်ခွဲ(၂)သလ္လာဝတီကာကွယ်ရေးတပ်၊ တိုက်တန်ကာကွယ်ရေးတပ်နှင့် မိုးဟိန်းကာကွယ်ရေးတပ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာ MA 1 တစ်လက်၊ ကျည်(၂၀၀)ကျော်၊ ရိုင်ဖယ်တပ်ဗုံးသီးတစ်လုံး၊ (၆၀)မမ တစ်လုံး၊ ကျည်ဘောက် (၂)ခု၊ ကျည်ကာပြား Equipment တစ်ထည်နှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံးစစ်ကောင်စီတပ်သားကို စစ်စည်းကမ်းနှင့်အညီ သဂြိုလ်ပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency