အင်းတော်မြို့နယ်တွင်းရှိ မဲဇာပင်ရဲစခန်းကို KIA နှင့် ဒေသကာကွယ်ရေးတပ်များ ဝင်ရောက် စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံး

 [ Photo: Indaw Revolution-IR ]
[ Photo: Indaw Revolution-IR ]
အင်းတော်မြို့နယ်တွင်းရှိ မဲဇာပင်ရဲစခန်းကို KIA နှင့် ဒေသကာကွယ်ရေးတပ်များ ဝင်ရောက် စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံး
ဇူလိုင် 11, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်ရှိ မဲဇာပင်ရဲစခန်းကို KIA နှင့် ဒေသကာကွယ်ရေးတပ်များ ဇူလိုင်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက် စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က (၃၀)ဦးဝန်းကျင် သေကြောင်း သိရသည်။

 KIA  နှင့် ကသာခရိုင်တပ်ရင်း(၂)အင်းတော် ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ နံနက်(၃)နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ် အပါအဝင် ရဲနှင့် နမ်းခမ်း၊ အင်းတော်မှ ပျူစောထီးများရှိနေသည့် မဲဇာရဲစခန်းအား KIA၊ ကသာခရိုင်တပ်ရင်း(၂)အင်းတော် ဒေသကာကွယ်ရေးတပ်တိုပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲခြင်း ဖြစ်ကြောင်း သိရသည်။

"အရာရှိ တစ်ကောင်နဲ့ စခ ၁၀ ကောင်ရဲ့ အလောင်းကိုတော့ ထောက်ပိုလေယာဥ်နဲ့ ညနေပိုင်း ၂ နာရီအချိန်ခန့်တွင် သယ်သွားပြီး ကန့်ဘလူတွင် ချသွားကြောင်း သိရပါတယ်။ ကျန်တဲ့ ရဲနဲ့ပျူစောထီးအလောင်းများကိုတော့ စခန်းထဲပဲရှိနေသလား နမ်းခမ်းကိုပဲ သယ်သွားသလား ယခုချိန်ထိ မသိရှိရသေးပါ။"ဟု ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲတွင် ပကဖရဲဘော်(၁)ဦး ကျဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ ရဲစခန်း အနီးအနားရှိ နေအိမ်မှ အသက်( ၁၉ )နှစ်အရွယ် ယောင်္ကျားလေး တစ်ဦး လက်နက်ထိမှန် သေဆုံးခဲ့ရကြောင်း သိရသည်။

ဒါ့အပြင် အင်းတော်မှ မဲဇာရဲစခန်းသို့ စစ်ကူလာသည့် အင်အား  (၃၀)ဝန်းကျင်ပါ ကားတစ်စီးကိုလည်း KIA နှင့် PDF အဖွဲ့များမှ မန်လည်လမ်းခွဲအနီးတွင် ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅)ဦးထက် မနည်းသေပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency