သပိတ်ကော်မတီများပေါင်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ပန်းသပိတ်ပြုလုပ်

သပိတ်ကော်မတီများပေါင်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ပန်းသပိတ်ပြုလုပ်

၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြို ပန်းသပိတ်ကို သပိတ်ကော်မတီများက ပြီးခဲ့သည့် ဇွန်လ(၁၇)ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။



မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ဦးဆောင်၍ ယင်းမာပင်၊ ဆားလင်းကြီးရွာပေါင်းစုံသပိတ်၊ ရွှေဥက္ကံ၊ ယင်းမာပင်မြောက်ခြမ်းသပိတ်၊ ပြည်သူ့အားမာန်သပိတ်၊ တောင်ပုသွေးသပိတ် စသော သပိတ်အင်အားစုများနှင့်အတူ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။



အာဏာသိမ်း စစ်ကောင်စီက အဓမ္မ ဖမ်းဆီးထောင်ချထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့ မနက်ဖန်တွင် ကျရောက်မည့် ၇၈ နှစ်မြောက်မွေးနေ့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသသည့် အနေဖြင့် ပြည်လုံးကျွတ် ပန်းသပိတ် ဆင်နွှဲသွားရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။



#TachileikNewsAgency

Photo : မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ