စလင်းမြို့နယ်တွင် ပြည်သူလူထုပန်းသပိတ်ပြုလုပ်

စလင်းမြို့နယ်တွင် ပြည်သူလူထုပန်းသပိတ်ပြုလုပ်

မကွေးတိုင်း စလင်းမြို့နယ်တွင် ပြည်သူလူထုပန်းသပိတ်ကို မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း(စလင်း)၏ လုံခြုံရေးဖြင့် ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။



နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ခေတ်အဆက်ဆက် တော်လှန်ရေးများတွင် တာဝန်ကျေပွန်ခဲ့ကြသည့် အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် အကျဥ်းကျခံနေရသည့်အမျိုးသမီးများနှင့် နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့်ဆက်လက်တော်လှန်ပါဝင်နေကြသည့် အမျိုးသမီးများဂုဏ်ပြု၍ ပြုလုပ်ခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။



#TachileikNewsAgency

Photo-မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း (စလင်း)