လှိုင်သာယာမြို့သို့ ပြန်မည့်ကားများကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေ၍ ယာဉ်များပိတ်မိနေ

လှိုင်သာယာမြို့သို့ ပြန်မည့်ကားများကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေ၍ ယာဉ်များပိတ်မိနေ

ရန်ကုန်တိုင်း လှိုင်သာယာမြို့သို့ ပြန်မည့်ကားများကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၁၉)ရက်နေ့ ည(၇)နာရီဝန်းကျင်မှစတင်၍ ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။

လှိုင်သာယာသို့ပြန်မည့် ကားများကို စစ်ကောင်စီတပ်က ဘုရင့်နောင်၊ အောင်ဇေယျနှင့် ရွှေပြည်သာတံတား (၃)ခုလုံးမှ ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ဆို့စစ်ဆေးနေသည်ဟု ‌သိရသည်။

"စစ်သားတွေအများကြီးစစ်နေတာ။ ဟိုဘက်၊ ဒီဘက် ပေးမကူးဘူး လမ်းမှာ ပိတ်နေတာ။ လှိုင်သာယာဝင်တဲ့ တံတားအကုန်လုံး။"ဟု ပိတ်မိနေသည့် ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ BPIဆေးဝါးစက်ရုံနှင့် အင်းစိန်မြို့နယ်အတွင်း ဗုံးပေါက်ခြင်းများကြောင့် ပိတ်ဆို့စစ်ဆေးနေခြင်းဖြစ်ကာ တချို့ကမူ လက်နက်များ ဖမ်းမိခြင်းကြောင့်ဟု ပြောဆိုကြသော်လည်း အတည်မပြုနိုင်သေးပါ။

"အခု အင်းစိန်ဘက်ရောက်နေလို့ ပြန်လာလို့မရတော့ဘူး။ အင်းစိန်ဘက်မှာ ညအိပ်ရမယ့် အခြေအနေဖြစ်နေပြီ။"ဟု အငှားယာဉ်မောင်း တစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်၏ ပိတ်ဆို့စစ်ဆေးခြင်းကြောင့် ကားများစွာ ပိတ်မိနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ