ကန့်ဘလူ တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်(၅၉)လက်နှင့် ခဲယမ်းများရရှိကြောင်း NUG ထုတ်ပြန်

  Photo: NUG
  Photo: NUG
ကန့်ဘလူ တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်(၅၉)လက်နှင့် ခဲယမ်းများရရှိကြောင်း NUG ထုတ်ပြန်
နိုဝင်ဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အလယ်ခုံကျေးရွာ အနောက် မြောက်ဘက်တွင် ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက် (၅၉) လက်နှင့် ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် သတင်းထုတ် ပြန်သည်။

နိုဝင်ဘာလ(၈)ရက်နေ့က ကျွန်းလှမြို့နယ်မှ ကောလင်းမြို့ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် စစ်ကောင်စီတပ်အင်အား (၂၀၀)ကျော်ပါ စစ်ကြောင်းကို ယနေ့ နိုဝင်ဘာလ (၁၀)ရက်၊ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၈၀) ဦးကျော် သေဆုံးခဲ့ပြီး (၂၀) ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်မျိုးစုံ (၅၉) လက်နှင့် ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရရှိ ခဲ့ သည်ဟု NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။