"ဝ" ပြည်နယ်ငြိမ်းချမ်းရေး ၃၅ နှစ်မြောက် အခမ်းအနားကို AA၊TNLA၊ MNDAA စစ်ဦးစီးချုပ်များ တက်ရောက်

"ဝ" ပြည်နယ်ငြိမ်းချမ်းရေး ၃၅ နှစ်မြောက် အခမ်းအနားကို AA၊TNLA၊ MNDAA စစ်ဦးစီးချုပ်များ တက်ရောက်

"ဝ" ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅)နှစ်မြောက် အခမ်းအနားကို TNLA၊ MNDAAနှင့် AA တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်များ တက်ရောက်ခဲ့ကြောင်း Wa Channel က ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဧပြီလ (၁၇)ရက်နေ့က ကျရောက်သော "ဝ"ပြည်ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅)နှစ်မြောက် အခမ်းအနားကို အဆိုပါတပ်များ၏ စစ်ဦးစီးချုပ်များ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

"ဝ"ပြည်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ (၃၅)နှစ်မြောက် ပြည့်ခဲ့ပြီဖြစ်ပြီး အုပ်ချုပ်ရေးမြို့တော် ပန်းဆန်း(ပန်းခမ်း)မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ကလည်း"ဝ"ပြည်ငြိမ်းချမ်းရေး (၃၅)နှစ်မြောက် အခမ်းအနားကို ဝမ်းမြောက်ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Wa Channel