စစ်ကောင်စီတပ်နှင့်ပျူစောထီးများ၏ အကြမ်းဖက် မီးရှို့ ဖျက်ဆီးခံရခဲ့ရသည့် ဘင်ကျေးရွာကို  CDYH  က သွားရောက် လှူဒါန်း

Photo:  Chindwin Young Heroes - CDYH
Photo: Chindwin Young Heroes - CDYH
စစ်ကောင်စီတပ်နှင့်ပျူစောထီးများ၏ အကြမ်းဖက် မီးရှို့ ဖျက်ဆီးခံရခဲ့ရသည့် ဘင်ကျေးရွာကို  CDYH  က သွားရောက် လှူဒါန်း
ဖေဖော်ဝါရီ 18, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပျူစောထီး များပူးပေါင်း မီးရှို့ခဲ့သည့် ဘင်ကျေးရွာနှင့် အနီးတဝိုက်ရွာများအား CDYH က ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်၊ ငွေများကို ယနေ့ ဖေဖော်ဝါရီလ(၁၈)ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Chindwin Young Heroes-CDYH မှ ဦးဆောင်ပြီး ကျေးရွာ ရပ်မိ၊ရပ်ဖများနှင့် တိုင်ပင်ကာ ဘင်ကျေးရွာမှ မီးရှိခံရသည့် အိမ်ခြေ(၁၀၀)ကျော်အား  ဆန်(၁၀၅)တင်း၊ ဆီ(၃၅)ပိဿာ၊ ဆား၊ အချိုမှုန့်၊ ပန်းကန်၊  ဆပ်ပြာ(၁၅)ဖာ၊ အဝတ်အထည်နှင့် ငွေ(၁၁)သိန်းတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ (၃၀)ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့်  အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် မင်းကင်း ပျူစောထီးများက  က မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ်အကြားရှိ ဘင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။



ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုကြောင့် ဘင်ကျေးရွာတွင် အိမ်ခြေ (၁၀၅)လုံးကျော် မီးလောင်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း၌ ကျေးရွာတော်တော်များများကို PDF များ၏ ကျေးရွာ၊ PDF များ ခိုအောင်းနေသည်ဟု စွပ်စွဲကာ နေအိမ်များအတွင်း ဖျက်ဆီးကာ ရှာဖွေခြင်း၊ ပစ္စည်းများ ခိုးယူသွားခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းများကို အာဏာသိမ်းစစ်တပ်က လုပ်ဆောင်နေလျက်ရှိသည့်အတွက် ဒေသခံပြည်သူများမှ ထွက်ပြေးတိမ်းရှောင်နေရသလို အိုးမဲ့အိမ်မဲ့အခြေအနေများထိက ဖြစ်ပေါ်နေလျက်ရှိသည်။