မိတ္ထီလာမြို့ပေါ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်း စီး၍ဟုဆိုကာ သေနတ်ဖြင့် လှမ်းပစ်၍ အရပ်သား တစ်ဦးသေ

ပုံအညွှန်း - မိတ္ထီလာမြို့တွင်း စစ်ဆေးနေမှု ယခင်က ပုံဖြစ်ပါသည်။
ပုံအညွှန်း - မိတ္ထီလာမြို့တွင်း စစ်ဆေးနေမှု ယခင်က ပုံဖြစ်ပါသည်။
မိတ္ထီလာမြို့ပေါ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်း စီး၍ဟုဆိုကာ သေနတ်ဖြင့် လှမ်းပစ်၍ အရပ်သား တစ်ဦးသေ
ဖေဖော်ဝါရီ 24, 2022 | အခြားဒေသများ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်တွင် အာဏာသိမ်း စစ်အုပ်စုပိုင် အင်းဝဘဏ်အစောင့် စစ်သားများက အမျိုးသား(၂)ဦး ဆိုင်ကယ်တစ်စီးတည်း စီး၍ဟု ဆိုကာ သေနတ်နှင့် လှမ်းပစ်ရာမှ လူငယ်တစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က ဈေးအနောက်ဘက်လမ်းရှိ အင်းဝဘဏ်ရှေ့တွင် လူငယ်(၂)ဦး ဆိုင်ကယ်စီးပြီးဖြတ်သန်းစဉ် ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်သည်။

ညက ပစ်ခတ်သံ ကြားလိုက်တယ်။ အသံကြားတော့ ထွက်မကြည့်ရဲတာနဲ့ မကြည့်လိုက်ဘူး ဖြစ်စဉ်ကိုတော့ မနက်မှပဲ သိရတယ်

ဟု ဒေသခံ တစ်ဦးက ပြောသည်။

ပစ်ခတ်မှုကြောင့် ဆိုင်ကယ်၏ အနောက်တွင် လိုက်ပါလာသည့် လူငယ်(၁)ဦး ကျည်ထိမှန်ကာ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး နေရာတွင် သေဆုံးသွားပြီး ဆိုင်ကယ်မောင်းသူမှာ လွတ်မြောက်သွားကြောင်း ဒေသခံများထံက သိရသည်။