ထိုင်းနိုင်ငံတွင်  တရားဝင် မဟုတ်သော ခိုးကြောင်ခိုးဝှက် ပြုလုပ်သည့်  အစည်းအဝေးအတွင်း ဝဏ္ဏမောင်လွင် က ပြည်တွင်း အဖြစ်အပျက်များကို လိမ်လည် တင်ပြ ပြောဆို 

ထိုင်းနိုင်ငံတွင်  တရားဝင် မဟုတ်သော ခိုးကြောင်ခိုးဝှက် ပြုလုပ်သည့်  အစည်းအဝေးအတွင်း ဝဏ္ဏမောင်လွင် က ပြည်တွင်း အဖြစ်အပျက်များကို လိမ်လည် တင်ပြ ပြောဆို 

 ထိုင်းနိုင်ငံတွင်  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့က  ပြုလုပ်ခဲ့သည့် အလွတ်သဘောဆွေးနွေးမှုတွင် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီ ယက်နမ်နိုင်ငံ ဝန်ကြီးများကို စစ်ကောင်စီခန့် ဝဏ္ဏမောင်လွင် ဦး ဆောင်ပြီး လိမ်လည်ခဲ့ကြသည်။ 

၎င်းတို့ထုတ်ပြန်ချက်တွင် စစ်ကောင်စီခန့်ဝန်ကြီးဆိုသူ ဝဏ္ဏမောင်လွင်ဦးဆောင်ပြီး ဒေါက် တာကံဇော်နှင့် ဦးကိုကိုလှိုင်တို့ ပါဝင်သည့်အဖွဲ့သည် ထိုင်းနိုင်ငံ၌  ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့နှင့် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးရာတွင် အာဆီယံဘုံသဘောတူညီချက်(၅)ချက်အား မသိကျိုးကျွံပြု‌နေသည့် စစ်ကောင်စီသည် အာဆီယံ၏ တူညီဆန္ဒ(၅) ချက်ကို အကောင်အထည်ဖော်နေသည်ဟု ပြောဆိုခဲ့ကြသည်။

ယင်းသို့ပြောဆိုရာတွင် NCA လက်မှတ်ရေးထိုးထားပြီး ၎င်းတို့နှင့် အကြာခဏ တွေ့ဆုံနေသည့် အဖွဲ့ (၇)ဖွဲ့ကို ရည်ရွယ်၍ ၎င်းတို့ဘက်က တစ်ဖက်သတ်အပစ်ရပ်စဲကာ ငြိမ်းချမ်းရေး ဆွေးနွေးနေသည်ဟု လိမ်လည်သည်။

၎င်းတို့ကြောင့် အမည်ပျက်(Black List)အသွင်းခံရသည့် စီးပွားရေးကိုလည်း ပြန်လည် ဦးမော့လာစေရေး ဆောင်ရွက်နေသည်ဟုဆိုကာ ၎င်းတို့ကို အာဏာသိမ်းရန် မြှောက်ပင့်ပေးခဲ့ကြသည့် ပါတီများကို ရည်ရွယ်၍ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးနေသည်ဟု ဆိုပြန်သည်။

ဒါ့အပြင် တစ်နိုင်ငံလုံးနီးပါး တိုက်ပွဲဖြစ်နေသော်လည်း ၎င်းတို့ စိတ်ကြိုက်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည်ဟုလည်း လိမ်လည်ခဲ့ကြသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် ယာယီသဘောတူညီမှုရကာ တိုက်ပွဲများငြိမ်သက်နေသည့် ရခိုင်ပြည်နယ်တွင်ပင် လူသားခြင်းစာနာထောက် ထားမှုကို ပိတ်ထားသည့် စစ်ကောင်စီသည် AHA Center နှင့် ပူးပေါင်းဆောင်ရွက်နေသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို လိုအပ်သူ အားလုံးထံရောက်ရှိရေးနှင့် ခွဲခြားမှုမရှိဘဲ တန်းတူညီမျှပေးသည့်ကိစ္စများတွင်လည်း မြန်မာနိုင်ငံလုပ်ငန်းအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိဌာနများနှင့် ပူးပေါင်းကာ ပံ့ပိုးပေးနေသည်ဟုလည်း လိမ်လည်ပြောဆိုသည်။

တစ်နိုင်လုံးကို မီးလိုက်ရှို့၍ လူသတ်နေသည့် စစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုးပမ်းနေမှုများကို CRPH၊ NUG၊ PDF များက ပျက်စီးစေလိုသည့်ဆန္ဒဖြင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည်ဟု စွပ်စွဲသည်။

လေကြောင်းဖြင့်ပါ ရမ်းသမ်းဗုံးကြဲနေသည့် ၎င်းတို့က စာသင်ကျောင်း၊ ဆေးရုံ၊ ဘဏ်၊ ဈေးများ အပါအဝင် နိုင်ငံပိုင်နှင့် ပြည်သူ ပိုင် ဆောက်အဦးများ၊ လမ်း၊ တံတား၊ ပို့ဆောင်ဆက်သွယ်ရေး ယာဉ်များ၊ လျှပ်စစ်တာဝါတိုင်များ ဖောက်ခွဲမီးရှို့ဖျက်စီးခြင်းခံနေရသည်ဟု တိုင်ကြားသည်။

#TachileikNewsAgency