စစ်ကြောင်းချီလာသည့် အာဏာသိမ်းစစ်တပ်ကို CDF- မင်းတပ် က (၃)နေရာကနေ ပြောက်ကျားနည်းဖြင့် ကြားဖြတ် တိုက်ခိုက်

Photo: CDF-MINDAT
Photo: CDF-MINDAT
စစ်ကြောင်းချီလာသည့် အာဏာသိမ်းစစ်တပ်ကို CDF- မင်းတပ် က (၃)နေရာကနေ ပြောက်ကျားနည်းဖြင့် ကြားဖြတ် တိုက်ခိုက်
ဇန်နဝါရီ 11, 2022 | အခြားဒေသများ

ချင်းပြည်နယ် မင်းတပ်ဘက်မှနေ၍ မတူပီဘက်သို့ စစ်ကြောင်းချီလာနေသည့် အာဏာသိမ်းစစ်တပ်ကို CDF မင်းတပ်က ၃၉ မိုင်၊ ၄၂ မိုင်နှင့် ၄၅ မိုင်တို့တွင် ပြောက်ကျားနည်းဖြင့် ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်၏ ရှေ့ကင်းအဖွဲ့နှင့် CDF-MINDAT တို့ ၃၉ မိုင်တွင် နေ့လယ်ပိုင်းက တိုက်ပွဲစဖြစ်ရာ အာဏာသိမ်းစစ်တပ်က ထုံးစံအတိုင်း လက်နက်ကြီးမျိုးစုံသုံး၍ ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။ 

ယင်းနောက် ဆက်လက်ချီတက်လာသည့် အာဏာသိမ်းစစ်တပ်ကို ၄၂ မိုင်တွင် ညနေပိုင်း၌ CDF MINDAT က ချုံခို တိုက်ခိုက်ရာ အာဏာသိမ်းတပ်ဘက်က (၄)ဦးသေသည်ကို တွေ့ရပြီး ယင်းနောက် ၄၅ မိုင်တွင် အာဏာသိမ်းစစ်တပ်ကို ထပ်မံ၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်ဘက်မှ နောက်ထပ် (၃) ဦးခန့် ထပ်သေသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဇန်နဝါရီလ (၉) ရက်နေ့တွင် မင်းတပ် - မတူပီကြား ၂၃ မိုင်နှင့် ၂၄ မိုင်တွင် ရပ်နားပြီး ဆက်လက်စစ်ကြောင်းချီနေကြ၍ ဒေသကာကွယ်ရေးတပ်များက ကြားဖြတ် တိုက်ခိုက်နေခြင်း ဖြစ်သည်။