မြစ်ကြီးနားမြို့ရှိ နမ့်ပေါင်လေတပ်စခန်းအား ၁၀၇မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မြစ်ကြီးနားမြို့ရှိ နမ့်ပေါင်လေတပ်စခန်းအား ၁၀၇မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ရှိ နမ့်ပေါင်လေတပ်စခန်းကို ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၁၉) ရက်နေ့ မနက် (၁၀)နာရီခန့်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Defense Forces–NBPDF အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

တိုက်လေယာဉ်အားကိုးပြီး အပြစ်မဲ့ပြည်သူများကို အပေါ်စီးမှ အနိုင်ကျင့် ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ကောင်စီလေတပ်စခန်းအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ကောင်စီတပ်နယ်မြေအတွင်းထဲအထိ ဒုတိယအကြိမ်မြောက် အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရဲဘော်များအားလုံး ဘေးကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ပြီး၊ ပစ်ခတ်မှုကြောင့် မြစ်ကြီးနားလေတပ်စခန်းအတွင်း ထိခိုက်ပျက်စီးမှု မည်မျှရှိခဲ့သည်ကို ရှင်းလင်းစွာသိရခြင်း မရှိသေးပါ။

၂၀၂၃ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း မြစ်ကြီးနားလေတပ်အတွင်းသို့ ရှော့တိုက်ဒုံး (၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း NBPDFအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

#TachileikNewsAgency