ဟားခါးမြို့တွင် ရဲအရာရှိတစ်ဦးအား CDF ဟားခါးဖမ်းဆီးရမိ

ဟားခါးမြို့တွင် ရဲအရာရှိတစ်ဦးအား CDF ဟားခါးဖမ်းဆီးရမိ

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတပ် လက်အောက်ခံ ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးကို ဖမ်းဆီးရမိထားကြောင်း Chinland Defense Force – Hakhaက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်လင်းဦးကို မတ်လ(၂၄)ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းအား စစ်ဆေးမေးမြန်းရာက ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုအခြေအနေ၊ သတင်းအချက်အလက်များကိုရရှိခဲ့သည်ဟု သိရသည်။ 

ရဲအုပ် ကျော်လင်းဦးသည် စစ်ကောင်စီအာဏာသိမ်းချိန်က ဆန္ဒထုတ်ဖော်သူများအား ထောက်လှမ်းခြင်းနှင့် ဆန္ဒပြသူများအား မိုင်းခွဲမည်ဟု ခြိမ်းခြောက်ခဲ့သူဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ(၁၀)ရက်နေ့ကလည်း ချင်းပြည်နယ် နတလရုံးတွင် လုံခြုံရေးယူ‌ထားသော ရဲ(၅)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency