ဝမ်းတွင်းမြို့နယ်အတွင်း  သခွတ်မြင့်ကျေးရွာတွင် ပျူစောထီးသင်တန်းတက်ရန် ငွေကြေးထောက်ပံ့သူဟု ဆိုသူကို WTRF က ရှင်းလင်း

ဝမ်းတွင်းမြို့နယ်အတွင်း  သခွတ်မြင့်ကျေးရွာတွင် ပျူစောထီးသင်တန်းတက်ရန် ငွေကြေးထောက်ပံ့သူဟု ဆိုသူကို WTRF က ရှင်းလင်း
ဒီဇင်ဘာ 11, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သခွတ်မြင့်ကျေးရွာအုပ်စု၊ သခွတ်မြင့်ကျေးရွာတွင် ပျူစောထီးအဖွဲ့ စစ်သင်တန်းတက်ရန် နှင့် အာဏာသိမ်း စစ်ကောင်စီ၏ ဒေါက်တိုင်များအား ငွေကြေးထောက်ပံ့သူဟု ကျော်ကြားနေသည့် အမျိုးသားတစ်ဦးအား WTRF အဖွဲ့က ရှင်းလင်းလိုက်ကြောင်း သတင်းထုတ်ပြန်လာသည်။

ပျူစောထီးအဖွဲ့ဝင် အင်အား(၄၀) စစ်သင်တန်းတက်ရောက်နိုင်ရန် ငွေကြေးထောက်ပံ့ခြင်း၊ အာဏာအကြမ်းဖက် စစ်ကောင်စီ၏ ဒေါက်တိုင်များအား ငွေကြေးထောက်ပံ့ခြင်းအပြင် ကျေးရွာသူ ကျေးရွာသားများအား ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်းကြောင့်  စိုးမြင့် ဆိုသူအား ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့ ညပိုင်းက သုတ်သင်ရှင်းလင်းလိုက်ကြောင်း ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးအင်အားစု(WTRF) က သတင်းထုတ်ပြန်လာသည်။  

Wundwin Township Revolution Force ( WTRF )က ယနေ့ ဒီဇင်ဘာလ(၁၁)ရက်နေ့ တစ်နေ့တည်းတွင် ဝမ်းတွင်းမြို့နယ်အတွင်း  မကျီးအုပ်ရွာမှ ပျူစောထီးသင်တန်းဆင်း အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပေးဒလန်ဟုဆိုသူ အောင်ဆန်းနိုင် နှင့် သခွပ်မြင့်ကျေးရွာမှ စိုးမြင့် ဆိုသူ အပါအဝင် စုစုပေါင်း (၂)ဦးအား ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

ဝမ်းတွင်းမြို့နယ်အတွင်း မကျီးအုပ်ကျေးရွာက ပျူစောထီးသင်တန်းဆင်း ဒလန်ဟု ဆိုသူကို WRTF က သေနတ်ဖြင့် (၄)ချက် ပစ်ကာ ရှင်းလင်း