မင်းလှမြို့တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရ

မင်းလှမြို့တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရ
အောက်တိုဘာ 29, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်သားစုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီး မျိုးဆန်းဝင်းသည် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံရကြောင်း သိရသည်။

၎င်းကို ဇရစ်ချောင်းရွာနှင့် ချောင်းနားကျေးရွာကြား၌ သာယာဝတီ ဂဠုန်တပ်ဖွဲ့နှင့် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ (၂)တို့ ပူးပေါင်း၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရသဖြင့် ဗိုလ်ကြီးမျိုးဆန်းဦးမှာ နေရာတွင်ပင်သေဆုံးခဲ့ကာ ၎င်းသည် စစ်ကောင်စီတပ်အတွက် လူသစ်စုဆောင်းပေးခြင်း အပါအဝင် ပျူစောထီးအဖွဲ့များ ဖွဲ့စည်းရန် လိုက်လံစည်းရုံးခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ်နေသူဟု ဆိုသည်။

#TachileikNewsAgency