သပိတ်ကျင်းမြို့နယ်တွင် ၄ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ PDFတပ်များ သိမ်းဆည်းရရှိ

သပိတ်ကျင်းမြို့နယ်တွင် ၄ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ PDFတပ်များ သိမ်းဆည်းရရှိ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ (၄)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။

သပိတ်ကျင်းမြို့နယ် ငါးတန့်အိုင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ  (၂၁)ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီးနောက် တော်လှန်ရေးတပ်ဘက်မှ ပွိုင့်ကုန်းတစ်ခု ဆုတ်ခွာပေးခဲ့ရသည်ဟု ဆိုသည်။

ဒီဇင်ဘာလ (၂၂)ရက်နေ့နှင့် (၂၃)ရက်နေ့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် တော်လှန်ရေးတပ်များက နောက်ဆုတ်ပေးခဲ့ရသည့် ပွိုင့်ကုန်းအား ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပွိုင့်ကုန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

(၄)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူများရှိပြီး တော်လှန်ရေးတပ်များဘက်က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားကာ ယမန်နေ့ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ (၆)ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

တိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့၊ အမှတ်(၅၀၉)တပ်ရင်း၊ အမှတ်(၅၁၀)တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ်(၁)တပ်ရင်း၊ Northern Tiger Group၊ Nine PDFတပ်ဖွဲ့ နှင့် အမှတ်(၂) ရွှေဘိုခရိုင် Droneတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Bo Linn Yone