နိုင်ငံအနှံ့ရှိ သင်တန်းကျောင်းများတွင် ပထမအသုတ်အဖြစ် စစ်ကောင်စီမျှော်မှန်းထားသည့် လူ ၅၀၀၀ ဝန်းကျင် စစ်သင်တန်းစတင်တက်ရောက်နေရ

နိုင်ငံအနှံ့ရှိ သင်တန်းကျောင်းများတွင် ပထမအသုတ်အဖြစ် စစ်ကောင်စီမျှော်မှန်းထားသည့် လူ ၅၀၀၀ ဝန်းကျင် စစ်သင်တန်းစတင်တက်ရောက်နေရ

နိုင်ငံအနှံ့ရှိ စစ်သင်တန်းကျောင်းများတွင် ပထမအသုတ်အဖြစ် စစ်ကောင်စီသတ်မှတ်မျှော်မှန်းထားသည့် လူ ၅၀၀၀ ဝန်းကျင် စစ်သင်တန်း စတင်တက်ရောက်နေရပြီဖြစ်ကြောင်း Burma Affairs And Conflict Study၏ စာရင်းကောက်ယူမှု ကြေငြာချက်အရသိရသည်။

စစ်ကောင်စီထောက်ခံသူများထုတ်ပြန်သည့် ဓာတ်ပုံများအရ နိုင်ငံအနှံ့ရှိ စစ်သင်တန်းကျောင်း ၁၅ ကျောင်းတွင် သင်တန်းသား ၅၀၀၀ ဝန်းကျင်ကို စတင်သင်ကြားပေးနေပြီး၊ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် လူငယ်များကို အဓိကပို့ဆောင်သည့် သင်တန်းကျောင်းများမှာ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ)နှင့် တပ်မတော်တန်းမြင့်သင်တန်းကျောင်း (တတက)တို့ဖြစ်ပြီး တခြားသောသင်တန်းကျောင်းများအဖြစ် အမှတ် (၁) အရာခံအကြပ်ကြီးသင်တန်းကျောင်း ဗထူးနှင့် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ (တကန-ဟိုပုံး) တို့တွင် စုဆောင်းခံလူငယ်များကို ပို့ဆောင်သင်ကြားနေသည်။

သင်တန်းကျောင်းများ၏ တည်ရှိမှုအနေအထားကိုကြည့်ပါက စစ်ကောင်စီ ကောင်းစွာထိန်းချုပ်ထားနိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးအားမကောင်းသည့် ဒေသများတွင် အများစုဖြစ်ကြောင်းသိရသည်။

တိုင်းနှင့်ပြည်နယ်အလိုက်ကြည့်ပါက သင်တန်းသားအများစုကိုလက်ခံထားသည့်ဒေသများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ဖြစ်ကြောင်း ထုတ်ပြန်ချက်ရသိရသည်။

တချို့သောသင်တန်းကျောင်းများသည် သင်တန်းသား ၅၀၀ ကျော်အထိ လက်ခံထားပြီး ၊ တချို့သောသင်တန်းကျောင်းများသည် ၂၀၀ အောက်သာ လက်ခံသင်ကြားနေသည်ကို စစ်ကောင်စီထောက်ခံသူများထုတ်ပြန်သည့် ဓာတ်ပုံများအရသိရသည်။

သင်တန်းသားဦးရေ ၅၀၀ ကျော်လက်ခံသင်ကြားနေသည့် ကျောင်းများမှာ ချင်းကုန်း(တိုက်ကြီး)ရှိ တတက-၁၊ ကွင်းကောက် (အင်္ဂပူ) တတက- ၅၊ ဗထူး (ရကသ-၁)၊ ဟိုပုံး (တကန)တို့ဖြစ်ပြီး သင်တန်းသားဦးရေ ၂၀၀ အောက်သာ လက်ခံသင်ကြားနေသည့် ကျောင်းများမှာ သပိတ်ကျင်း (စခတ-၂)၊ ရွှေဘို (စခတ-၈)၊ ကျိုင်းတုံ (တတက-၃) တို့ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးသည်နှင့်တစ်ပြိုင်နက် နိင်ငံအနှံ့ စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့်နယ်မြေများ ၊ စိုးမိုးမှု မရှိသည့်နေရာများနှင့် လက်နက်ကိုင် တော်လှန်ရေးအားကောင်းသည့်ဒေသများတွင် အကောင်အထည်ဖော်နိုင်ခြင်းမရှိကြောင်း Burma Affairs And Conflict Study၏ ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီသည် စစ်မှုထမ်းယန္တရား အကောင်အထည်ဖော်ဆောင်ခြင်းအပြင် ပြည်သူ့စစ်(ပျူစောထီး) အင်အားစုဆောင်းခြင်း၊ ပြည်သူ့စစ် (ပျူစောထီး) သင်တန်းသားခေါ်ယူခြင်း ၊ ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီး၍ ရှေ့တန်းပို့ဆောင်ခြင်း ၊ ပေါ်တာဆွဲခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency