"သေရဲတဲ့ကောင် လာကိုင်"စာသားပါသည့် ပါဆယ်ဗုံးကြောင့် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ရဲတို့ လမ်းပိတ် စစ်ဆေး

Photo: GZDF
Photo: GZDF
 "သေရဲတဲ့ကောင် လာကိုင်"စာသားပါသည့် ပါဆယ်ဗုံးကြောင့် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ရဲတို့ လမ်းပိတ် စစ်ဆေး
ဇန်နဝါရီ 25, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်နေ့ ညနေပိုင်းက"သေရဲတဲ့ကောင် လာကိုင်" စာသားပါ ပါဆယ်ဗုံးတွေ့ရှိသဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရဲများက လမ်းပိတ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သုဓမ္မာလမ်းမကြီး၊ သန္တာလမ်းထိပ်ရှိ (င) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယင်းစာသားပါ မပေါက်ကွဲသေးသည့် ပါဆယ်ဗုံးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

GenerationZ Defence Force&Supply Army အဖွဲ့၏ ထုတ်ပြန်ချက်အရ မြောက်ဥက္ကလာပမြို့နယ်သို့ "ပီဇာ  လိုက်ပို့ ပေးနေပါတယ်" ဟု ထုတ်ပြန်ထားပြီး ပါဆယ်ထုပ်တွင်"သေရဲတဲ့ကောင် လာကိုင်၊ သေရဲလား သေရဲရင် လာကိုင်၊ သေရဲလား မအေလိုးများ"ဟု ရေးသားထားသည်ကို တွေ့ရသည်။