တနိုင်းမြို့နယ်ရှိ ဝါရာဇွပ်ပြည်သူ့စစ် တပ်စခန်း သုံးခုကို KIAတိုက်ခိုက်

တနိုင်းမြို့နယ်ရှိ ဝါရာဇွပ်ပြည်သူ့စစ် တပ်စခန်း သုံးခုကို KIAတိုက်ခိုက်

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှဒူးဇွပ်ကျေးရွာရှိ အာဏာသိမ်း စစ်ကောင်စီတပ် လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ် တပ်စခန်း (၃)ခုကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၈)ရက်နေ့တွင် KIAက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ် ပြည်သူ့စစ်တပ်စခန်း (၃)ခုအား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၂)၊ အမှတ်(၁၄)တပ်ရင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဝါရာဇွပ်ပြည်သူ့စစ်မှ ထိခိုက်သေဆုံးသူများခဲ့ပြီး မင်းဇေသန့်လည်း ဒဏ်ရာရကာ ၎င်း၏ ညီဖြစ်သူ စစ်ကောင်စီတပ် လက် အောက်ခံ ဒူးလေးပါတီဥက္ကဌ ဦးရွှေမင်း၏ သားမက် ဝါရာဇွပ်ပြည်သူ့ စစ်ဒုခေါင်းဆောင်လည်း သေဆုံးပြီး စခန်းစွန့်ထွက်ပြေးသွားကြောင်း KIA နှင့်နီးစပ်သူထံမှ သိရသည်။

ပြည့်သူစစ်များ ထိခိုက်သေဆုံးသူများသဖြင့် စစ်ကောင်စီတပ်  ခလရ(၂၉၇)တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ရာ ရှထူးဇွပ် ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပြီး နေအိမ်များနှင့် ဘုရားကျောင်းတို့ ထိမှန်ပျက်စီးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

Photo : Internet (ပုံဟောင်း)