ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တပ်တို့ တိုက်ပွဲဖြစ်

ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တပ်တို့ တိုက်ပွဲဖြစ်
အောက်တိုဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း(အနောက်)၊ ကြို့ပင်ကောက်မြို့၊ ကျူတောရိုးဘုရားအနီး အင်တိုင်းတောတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Dragon Brothers(GBK PDF)ထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် ဝိုင်းကျေးရွာမှ လက်နက်ကြီးပစ်ကူဖြင့် ထိုးစစ်ဆင်လာရာ သာယာဝတီခရိုင် တပ်ရင်း (၃၈ဝ၂) တပ်ခွဲ(၁) Dragon Brothers (GBK PDF)က (၄ဝ)မမ၊ (၆ဝ)တို့ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရသူရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိခဲ့ဟုလည်း Dragon Brothers (GBK PDF)က ယနေ့ အောက်တိုဘာလ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၂၇)ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ် ကြာအင်းချောင်းမကြီးအနီးရှိ ခုနှစ်အိမ်တန်းတွင် တပ်ဆွဲထားသော ပျူစောထီးနှင့် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ(၆)၊ Dragon Brothers (GBK PDF)၊ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၁)တပ်ခွဲ(၁) Yoma GBK PDFနှင့် တပ်ခွဲ(၃) နတ်စစ်သည် PDF လက်အောက်ခံ BTZ GBK PDFတို့ ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency