ရန်ကုန်တွင် အငြိမ်းစားဗိုလ်မှူးတစ်ဦး ပစ်သတ် ခံရ

ရန်ကုန်တွင် အငြိမ်းစားဗိုလ်မှူးတစ်ဦး ပစ်သတ် ခံရ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ မဟူရာလမ်းထောင့်တွင် ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၉)ရက်၊ နံနက်ပိုင်းက အငြိမ်းစား ဗိုလ်မှူးတစ်ဦး ပစ်ခတ်ခံရပြီး သေကြောင်း သိရသည်။

အသက်(၅၅)နှစ်ရှိ အငြိမ်းစား ဗိုလ်မှူးရဲမင်းသန်းသည် အိမ်မှကားဖြင့်   တစ်ဦးတည်းမောင်းထွက်လာစဥ် အိမ်နှင့် ကိုက်(၁၅၀)အကွာ ငမောက်လမ်းပေါ်  သုခကျော်ဆေးဆိုင်ရှေ့၌ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

၎င်းသည် သေနတ်ဖြင့် (၄)ချက် ပစ်ခတ်ခံရသဖြင့် ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက်၊ ကျောဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အငြိမ်းစား ဗိုလ်မှူးရဲမင်းသန်း ဆိုသူသည် တော်လှန်ရေးရဲဘော်များအား ဖမ်းဆီးရန် ကူညီပေးခဲ့သူဟုလည်း ဒေသခံများကပြော ဆိုကြသည်။