တာချီလိတ်လေဆိပ်တွင် တာချီလိတ်ကနေ ထွက်ခွာမည့် လေယာဉ်စီး ခရီးသည်အားလုံး မှတ်ပုံတင် မိတ္တူ ယူလာရမည်

တာချီလိတ်လေဆိပ်တွင် တာချီလိတ်ကနေ ထွက်ခွာမည့် လေယာဉ်စီး ခရီးသည်အားလုံး မှတ်ပုံတင် မိတ္တူ ယူလာရမည်
မတ် 31, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် တာချီလိတ်လေဆိပ်ကနေ တဆင့် ခရီးသွားမည့် ခရီးသည်များအားလုံး မှတ်ပုံတင်မိတ္တူ မဖြစ်မနေ ယူလာရမည်ဖြစ်ကြောင်း သိရသည်။

"ခရီးသည်တွေ မဖြစ်မနေ မှတ်ပုံတင် မိတ္တူယူလာဖို့ အသိပေးလာတယ်။ ဧပြီလ(၁)ရက်နေ့က စပြီး ယူလာရတော့မယ်လို့ ပြောတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် ပြောသည်။

မှတ်ပုံတင် မိတ္တူများကို မည့်သည်အကြောင်းကြောင့် တောင်းသည်ကိုတော့ မသိရဟု သိရသည်။

တာချီလိတ်လေဆိပ်နှင့် ပတ်သက်ပြီး လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်မှု လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည့်အတွက် တာချီလိတ်ခရီးစဉ်များကို တစ်ပတ်လျှင် သောကြာ၊ စနေ နှင့် တနင်္ဂနွေ  (၃)ရက်သာ  ပျံသန်းမည်ဖြစ်ကြောင်းလည်း  သိရသည်။