တာချီလိတ်မြို့နယ်အတွင်း မဲရုံ(၇၀)မှ မဲရလဒ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကပ်ထားပြီဖြစ်၍ မည်သူမဆို သွားကြည့်နိုင်

တာချီလိတ်မြို့နယ်အတွင်း မဲရုံ(၇၀)မှ မဲရလဒ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကပ်ထားပြီဖြစ်၍ မည်သူမဆို သွားကြည့်နိုင်
နိုဝင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မဲရုံ(၇၀)မှ မဲရလဒ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကပ်ထားပြီဖြစ်၍ မည်သူမဆို သွားကြည့်နိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၁၁) ရက်နေ့ မနက်ပိုင်းကစ၍ မဲရုံအသီးသီးမှ ကိုယ်စားလှယ်လောင်းများ၏ မဲစာရင်းရလဒ်များကို ကပ်ထားကြေညာပြီဖြစ်၍ မည်သူမဆို လာရောက် ကြည့်နိုင်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအသီးသီး၏ မဲရုံ (၇၀) မှ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) နှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များဖြစ်သည့် ဗမာ၊ လားဟူ၊ အင်း၊ လီဆူ၊ ကယန်း၊ ကချင်၊ အာခါတို့၏ မဲစာရင်း ရလဒ်များကို ကြေညာထားခြင်း ဖြစသည်။
တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၈) အုပ်စုရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင်လည်း မိမိတို့ရပ်ကွက်အလိုက် ဖွင့်လှစ်ထားသည့် မဲရုံးများမှ လွှတ်တော်ကိုယ်စားလှယ်များ၏ မဲရလဒ်များကို ကြေညာထားကြောင်း သိရသည်။  
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~