ချမ်းအေးသာစံမြို့နယ်ရှိ  KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရကာ ငွေကျပ်သိန်း ၂၀၀၀ ကျော်ပါသွား

ချမ်းအေးသာစံမြို့နယ်ရှိ  KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရကာ ငွေကျပ်သိန်း ၂၀၀၀ ကျော်ပါသွား

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ  KBZ ဘဏ်ခွဲအမှတ် (၄၆)ကို အမျိုးသား(၃)ဦးက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် ဓားပြတိုက်ကာ ငွေကျပ်သိန်း(၂၀၀၀)ကျော် ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 



 

ချမ်းအေးသာစံမြို့နယ်၊ (၇၄)လမ်း၊ (၃၁ နှင့် ၃၂)လမ်းအကြားရှိ KBZ ဘဏ်ခွဲ(၄၆)ကို  ဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်နက်များကိုင်ဆောင်ကာ ဓားပြဝင်တိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"သေနတ်အတိုတစ်လက်ပါတယ်။ ဓားပြဝင်တိုက်တာ သိန်း (၂၀၀၀)ကျော်ပါသွားတယ်။ မဖမ်းမိသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်က လမ်းများပိတ်ဆို့စစ်ဆေးခြင်းနှင့် CCTVများ ကြည့်ရှုစစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များ၊ ရွှေဆိုင်များတွင် ဓားပြတိုက်မှု ပိုမိုများပြားလာခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : CJ