ကမ္မမြို့၊ အမှတ်(၁၂)ရပ်ကွက်ကို စစ်ကောင်စီတပ် မီးရှို့

ကမ္မမြို့၊ အမှတ်(၁၂)ရပ်ကွက်ကို စစ်ကောင်စီတပ် မီးရှို့

မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ်(၁၂)ရပ်ကွက်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၂၆)ရက်နေ့ ညနေ (၄)နာရီခွဲတွင် မီးရှို့ဖျက်ဆီး‌သွားကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီအနေဖြင့် ပခုက္ကူမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်တစ်ခုအား ပထမဆုံး မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး တာ၀န်ရှိသူအဆင့်ဆင့်အနေဖြင့် ၎င်းတို့လုပ်ရပ်များအား တာ၀န်ယူရမည်ဖြစ်ကြောင်း အသိပေးထားသည်။

လက်ရှိတွင်လည်း ပခုက္ကူ-ကမ္မ‌-ပေါက် လမ်းအား စစ်ရေးအခြေအနေအရ မတ်လ(၂၂)ရက်နေ့မှစတင်ကာ ပိတ်ထားမည်ဖြစ်ကြောင်းလည်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။ 

ပေါက်မြို့နယ်တွင်လည်း လမ်းလုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အုန်းတော(မြောက်စု)ရွာကို ညနေပိုင်းတွင်ပင် စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့