အာဏာသိမ်းပြီးချိန်မှစ၍ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော် သေဆုံးခဲ့ပြီး၊ ကရင်နီပူးပေါင်းတပ်ဖွဲ့များဘက်မှ ငါးရာကျော် ကျဆုံးခဲ့

အာဏာသိမ်းပြီးချိန်မှစ၍ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော် သေဆုံးခဲ့ပြီး၊ ကရင်နီပူးပေါင်းတပ်ဖွဲ့များဘက်မှ ငါးရာကျော် ကျဆုံးခဲ့

အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစတင်ပြီး ၂၀၂၄ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့အတွင်း ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော် သေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များဘက်မှ ငါးရာကျော် ကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)၏ ထုတ်ပြန်ချက်အရသိရသည်။

ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၃၅၈)ဦး သေဆုံးခဲ့ပြီး ၊ KNDF/PDF/KAတို့မှ ကျဆုံးသူ (၅၅၁) ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီဘက်မှ  အရပ်သားပြည်သူ (၄၉၈)ဦးကို သတ်ဖြတ်ခဲ့ပြီး၊ ကရင်နီပြည်သူများ စစ်ဘေးရှောင်ရင်း (၁၅၂)ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း (၁၀၈၉)ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့်တိုက်ခိုက်မှု (၁၅၈၁)ကြိမ် ပြုလုပ်ခဲ့ကာ တိုက်လေယာဉ် (၂ )စီး ကရင်နီပြည်နယ်အတွင်း ပျက်စီးခဲ့ကြောင်းသိရသည်။

စစ်ပွဲကြောင့် အိမ်ပေါင်း  (၂၅၂၈ )လုံး ပျက်စီးခဲ့ပြီး ဆေးရုံ၊ဆေးခန်း (၁၅)ခု ပျက်စီးခဲ့ကာ စာသင်ကျောင်း (၂၃)လုံးနှင့် ဘာသာရေးအဆောက်အုံ အလုံး (၅၀)ခန့် ပျက်စီးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency