ပအိုဝ်းဒေသ နမ့်ဟူးရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးရှို့

ပအိုဝ်းဒေသ နမ့်ဟူးရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးရှို့

ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဟူးကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် မတ်လ (၁၂)ရက်နေ့တွင် မီးရှို့ဖျက်ဆီးသွားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ထံမှ သိရသည်။

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ တောင်ခြေတွင်ရှိသည့် နမ့်ဟူးကျေးရွာကို စစ်ကောင်စီက PNLA တပ်များလှုပ်ရှားမှုရှိဘဲ ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က နမ့်ဟူးကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့၏ လက်ပါးစေများက တော်လှန်ရေးတပ်ဖွဲ့များက ရွာကိုမီးရှို့သည်ဟုဆိုကာ သတင်းအမှားများ ထုတ်လွင့်ခဲ့ကြသည်။

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နမ့်ဟူးရွာမှ အိမ်ခြေ (၁၀၀)ဝန်းကျင် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့တွင်ပင် စစ်ကောင်စီသည် ဆိုက်ခေါင်စံပြကျေးရွာမှ ဆီဆိုင်မြို့ထဲသို့ လက်နက်ကြီးများဖြင့် အကြိမ်(၈၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နေအိမ်(၁၄)လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PNLA News & Info