ကန့်ဘလူမြို့နယ်အတွင်း စစ်ရှောင်တစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးပြီး စစ်ရှောင် (၂)ဦး မြွေကိုက်ခံရ

ကန့်ဘလူမြို့နယ်အတွင်း စစ်ရှောင်တစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးပြီး စစ်ရှောင် (၂)ဦး မြွေကိုက်ခံရ

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ရှောင်တစ်ဦး မိုးကြိုးပစ်ခံရ၍သေဆုံးကာ နှစ်ဦးမြွေကိုက်ခံရ၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မေလ(၁၆)ရက်နေ့က ချပ်သင်းတိုက်နယ်၊ ချပ်ကုန်းရွာမှ အသက်(၂၄)နှစ်အရွယ် ကို‌နော်မှိုင်းသည် မိသားစုနှင့်အတူ စစ်ရှောင်တဲ၌နေထိုင်စဉ် မိုးကြိုးပစ်ခံရ၍ သေ‌ဆုံးသွားကြောင်း သိရ သည်။

၎င်းသည် အမျိုးသမီး၊ ကလေးဖြစ်သူတို့နှင့်အတူ တောအတွင်း စစ်ရှောင်တဲ၌ နေထိုင်ကြသည်မှာ လနှင့်ချီနေပြီဖြစ်သည်ဟု သိရသည်။

မေလ(၁၂)ရက်နေ့ကလည်း ဇီးကုန်းတိုက်နယ်မှ အသက်(၁၇)နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးနှင့် မေလ(၁၅)ရက်နေ့က ချပ်သင်းတိုက်နယ်မှ အသက်(၅၃)နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးတို့ မြွေကိုက်ခံရကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အသက်(၁၇)နှစ်အရွယ် အမျိုးသားအား အိန္ဒိယမြွေဆိပ်ဖြေဆေး (၁၂)လုံး ထိုးပေးထားပြီး အသက်(၅၃)နှစ်အရွယ် အမျိုးသမီးအား BPI မြွေဆိပ်ဖြေဆေး(၄)လုံးထိုးပေးထားသဖြင့် နှစ်ဦးလုံး အသက်အန္တရာယ်မစိုးရိမ်ရတော့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှား သူများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

Photo: ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့