တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ကိုရီးယားနိုင်ငံသား‌ ရှေ့နေတစ်ဦးကို ကိုယ်စားလှယ်ရုံးက အကြံပေးအဖြစ်ခန့်

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ကိုရီးယားနိုင်ငံသား‌ ရှေ့နေတစ်ဦးကို ကိုယ်စားလှယ်ရုံးက အကြံပေးအဖြစ်ခန့်
ဇူလိုင် 18, 2023 | 2021 Military Coup

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကိုရီးယားနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန် ကိုရီးယားနိုင်ငံသားရှေ့နေ တစ်ဦးကို အကြံပေးအဖြစ်ခန့်အပ်ကြောင်း NUGကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများအား ကိုရီးယားနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ နွေဦးတော်လှန်ရေးအတွက် လှုပ်ရှားမှုများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာ အကြံပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ရှေ့နေ မစ္စတာအီအီလ်အား ဥပဒေအကြံပေးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရှေ့နေ မစ္စတာအီအီလ်သည် တောင်ကိုရီးယားရောက် ရွှေ့ပြောင်းသူများ၏ လူ့အခွင့်အရေး၊ နိုင်ငံရေးခိုလှုံသူများအရေး၊ လူကုန်ကူးခံရသည့်ရွှေ့ပြောင်းသူများအရေး၊ မတရားဖမ်းဆီးထိမ်းသိမ်းခံရသည့် ရွှေ့ပြောင်းသူများအရေးနှင့် နိုင်ငံမဲ့ရွှေ့ပြောင်းသူများအရေးကို အကျိုးအမြတ်မယူပဲ ဆောင်ရွက်ပေးနေသည့် အော်ဖီးလ် လူထုအကျိုးပြုဥပဒေစင်တာ ရှေ့နေများအဖွဲ့၏ ဦးဆောင်သူတစ်ဦး ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : NUG Representative Office-Republic of Korea