ကွတ်ခိုင်တွင် စစ်ကောင်စီတပ်စခန်းဘက်မှ လက်နက်ကြီးများ ပစ်ခတ်နေ

ကွတ်ခိုင်တွင် စစ်ကောင်စီတပ်စခန်းဘက်မှ လက်နက်ကြီးများ ပစ်ခတ်နေ
ဇူလိုင် 23, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ကွတ်ခိုင်ရှိ စစ်ကောင်စီတပ်စခန်းဘက်မှ လက်နက်ကြီးပစ်ခတ်သံများ နေ့လယ် (၁)နာရီခွဲဝန်းကျင်က စတင်ကြားနေကြရခြင်းဖြစ်ပြီး အကြောင်းရင်းကို မသိရသေးကြောင်း ဒေသခံများက Tachileik News Agency ကို အတည်ပြုသည်။ 

ကွတ်ခိုင်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၇)ရက်နေ့က စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားကာ ဇူလိုင်လ (၁၈)ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ကွတ်ခိုင်အခြေစိုက် စစ်ကောင်စီတပ်စခန်းက တိုက်ပွဲမရှိဘဲ လက်နက်ကြီးများ ပစ်ခတ်မှုများလည်းရှိတတ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မူဆယ် - မန္တလေးလမ်းဘေးတွင် စစ်ကောင်စီတပ်စခန်း အခြေစိုက်ထားခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : ကွတ်ခိုင်တိုးဂိတ်