မဲဆောက်တွင် ထိုင်းဘုန်းကြီးတစ်ပါးသတ်ခံရမှု မြန်မာတစ်ဦး ဖမ်းဆီးခံရ

မဲဆောက်တွင် ထိုင်းဘုန်းကြီးတစ်ပါးသတ်ခံရမှု မြန်မာတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး မယ်ကုကျေးရွာ(တောင်)ရှိ ထိုင်းဘုန်တော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကို သတ်သွားသူဟုယူဆရသော မြန်မာတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့ မတ်လ(၄)ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မယ်ကုကျေးရွာ(တောင်)ရှိ ဝပ်မူစူဝမ်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်သည် မတ်လ(၁)ရက်နေ့က အုတ်ခဲဖြင့် ထုသတ်ခံရခြင်းဖြစ်ပြီး မောင်ဝင်းကျော်ဘို ဆိုသူကို ယမန်နေ့ ည(၁၀)နာရီဝန်းကျင်တွင် ထိုင်းရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

“ဘာကြောင့်သတ်တယ်ဆိုတာတော့ မသိဘူး။ ဒီမှာမွေး ဒီမှာကြီးတဲ့ မြန်မာနဲ့တူတယ်။ ထိုင်းစကားကောင်းကောင်းပြောနိုင်တာဆိုတော့။ ဒီကိစ္စကြောင့် အစစ်အဆေးလည်းများနေတယ်။”ဟု မဲဆောက်ရောက် မြန်မာတစ်ဦးက Tachileik News Agency ကိုပြောသည်။

အသေးစိတ်အချက်အလက်ကိုမူ ထပ်မံစုံစမ်းနေဆဲဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း ထုတ်ပြန်ခြင်းမရှိသေးပါ။

#TachileikNewsAgency