ရှမ်းပြည်နယ်အတွင်း ခိုးဝင်ပြီး သတ္တုလုပ်ကွက်တွင် အလုပ် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၁၂)ဦးကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အတွင်း ခိုးဝင်ပြီး သတ္တုလုပ်ကွက်တွင် အလုပ် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၁၂)ဦးကို ဖမ်းဆီးရမိ
ဇူလိုင် 27, 2020
By Tachileik News Agency


ရှမ်းပြည်နယ်အတွင်း ခိုးဝင်ပြီး သတ္တုလုပ်ကွက်တွင် အလုပ် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၁၂)ဦးကို ဖမ်းဆီးရမိ

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်လာပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) မန်တုံမြို့နယ်အတွင်းရှိ ဆင်ခေါင်းတောင်သတ္တုလုပ်ကွက်တွင် အလုပ် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၁၂) ဦးကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့က နမ္မတူမြို့နယ်၌ ဖမ်းမိကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား အမျိုးသား (၁၂) ဦးသည် နမ့်ဟိုင်းကျေးရွာ၊ ဆင်ခေါင်းတောင် သတ္တုလုပ်ကွက်မှနေ၍ လားရှိုး - မူဆယ်လမ်းကြောင်းအတိုင်း တရုတ်နိုင်ငံဘက်သို့ ပြန်ရန်စီစဉ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသားများ လိုက်ပါလာသည့် မော်တော်ယာဉ် (၂)စီးကို ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်သေများပါဝင်သည့်အဖွဲ့က ဇူလိုင်လ (၂၆)ရက်နေ့ ညနေ (၃)နာရီခွဲကျော်တွင် နမ္မတူ - လားရှိုးလမ်းပိုင်း၊ မန်စံကျေးရွာတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်း ငွာတား (ခ) အားရှင်နှင့် သန်းထိုက်တို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၂)စီးတွင်လိုက်ပါလာ လော်ရုံးယုံ၊ ကောင်းဆွတ်ကျင်၊ ချိန်မင်းတုံ၊ ကောင်းဆွတ်လျှံ၊ ကော်ကျုးချင့်၊ ကျန်တဲ့ချင်၊ ရန်ချောက်၊ လူရှင်းပေါ်၊ ဟွတင်ရုတ်၊ ကျိုခိုက်ချင့်၊ လော်ရီနိမ့်နှင့် ချိန်တဲ့ယုံတို့တွင် နိုင်ငံတွင်း ဝင်ရောက်ခွင့် အထောက်အထား မပါသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ယာဉ်မောင်းနှစ်ဦးနှင့် တရုတ်နိုင်ငံသားများကို ရဲတပ်ဖွဲ့က စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း -  နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~