ရန်ကုန်တိုင်း မြို့နယ်များရှိ စစ်ကောင်စီရဲစခန်းနှင့် ထွေအုပ်ရုံးများတွင် ဗုံး ၆ လုံးကွဲ

ရန်ကုန်တိုင်း မြို့နယ်များရှိ စစ်ကောင်စီရဲစခန်းနှင့် ထွေအုပ်ရုံးများတွင် ဗုံး ၆ လုံးကွဲ

 

ရန်ကုန်တိုင်းရှိ မြို့နယ်(၆)ခုရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့စခန်းများနှင့် ထွေအုပ်ရုံးတို့ကို (၃)ရက်အတွင်း ဗုံး(၆)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာထံမှ သိရသည်။

၂၀၂၃ခုနှစ် ဩဂုတ်လ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ ရွှေပေါက္ကံမြို့ နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ်တို့ရှိ ရဲစခန်းများအား KMD 18 Hunter Unit၊ Guardians UG၊ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ၊ KMD 18 Crow Squadတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ (၂၇)ရက်နေ့ ညပိုင်းက မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် ပတ္တမြားလမ်းရှိ အမှတ်(၈)လုံခြုံရေးရဲတပ်ဖွဲ့ ခွဲအား KMD 18 Hunter Unit က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ (၂၈)ရက်နေ့ ညပိုင်းတွင် မြောက်ဒဂုံမြို့နယ်ရှိ ထွေအုပ်ရုံးနှင့် ရွှေပေါက္ကံမြို့နယ်ရှိ ရွှေပေါက္ကံရဲစခန်းတို့အား Guardians UGက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ (၂၉)ရက်နေ့ ညပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ရန်ကင်းရဲစခန်းအား ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ယင်းနေ့ညတွင်ပင် ဒဂုံအရှေ့မြို့နယ်ရဲစခန်းအား KMD 18 Crow Squadက ထပ်မံဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အဆောက်အဦးများ ထိခိုက်မှု ရှိ၊မရှိကိုမူ မသိရသေးပါ။

#TachileikNewsAgency