မိုင်းဖြတ်မြို့တွင် စိတ်မနှံ့သူတစ်ဦး၏ မီးရှို့မှုကြောင့် ကိုရင်ကြီးတစ်ပါး ပျံလွန်တော်မူ

မိုင်းဖြတ်မြို့တွင် စိတ်မနှံ့သူတစ်ဦး၏ မီးရှို့မှုကြောင့် ကိုရင်ကြီးတစ်ပါး ပျံလွန်တော်မူ

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း နမ့်နန်းကျေးရွာအုပ်စု၊ နမ့်နန်း(ရှမ်း)ရွာအနီးရှိ သဘာဝလှိုင်ဂူတွင် စိတ်မနှံ့သူ တစ်ဦး၏ မီးရှို့မှုကြောင့် ကိုရင်ကြီးတစ်ပါး မီးလောင်ခံရပြီး ပျံလွန်တော်မူသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ   ၂၀၂၄ခုနှစ် မတ်လ(၃)ရက်နေ့ ညနေပိုင်းက အသက်(၃၅)နှစ်အရွယ်ရှိ စိတ်မနှံ့သူ နဒီအောင်(ခ)ယားပါသည် အသက်(၅၃)နှစ်ဝန်းကျင်ရှိ ကိုရင်ကြီး  ဖမွန်း သီတင်းသုံးနေသည့် (၁)ထပ်ကျောင်းဆောင်ကို မီးရှို့လိုက်သည့်အတွက် ကိုရင်ကြီးမှာ မီးလောင်ခံရပြီး ပျံလွန်တော်မူသွားခြင်း ဖြစ်ကြောင်း သိရသည်။

ကိုရင်ကြီး သေဆုံးမှုနှင့်ပတ်သက်၍  ဖမ်းဆီးရမိထားသည့် နဒီအောင်(ခ)ယားပါ အား မီးရှို့မှုနှင့် လူသတ်မှုအဖြစ် မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၂/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၄၃၆ ဖြင့် အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: မိုင်းဖြတ်မြို့နယ်လူမူ့ကူညီရေး, CJ