သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ရုံးခွဲ တာချီလိတ်တွင် ဖွင့်လှစ်

သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ရုံးခွဲ တာချီလိတ်တွင် ဖွင့်လှစ်
မတ် 10, 2020
By Tachileik News Agency
သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ရုံးခွဲ တာချီလိတ်တွင် ဖွင့်လှစ်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(Union Betterment Party - UBP )၏ တာချီလိတ်ရုံးခွဲသစ်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အားကစားရုံရှေ့ လမ်းကြားရှိ အဆောက်အဉီးတွင်  ၂၀၂၀ခုနှစ် မတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဒီမှာရှိတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ကျွန်တော်တို့က ရွေးကောက်ပွဲကာလမှာ သူတို့ရွေးမယ့် ပုဂ္ဂိုလ်သည် တာချီလိတ်ဒေသခံ ဖြစ်ရမယ်။ တာချီလိတ်မြို့နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးကို ဆောင်ရွက်နေသူဖြစ်မယ်ဆိုရင်တော့ သူတို့ဝင်ပြိုင်မယ့်နေရာကို ကျွန်တော်တို့ကနည်းနည်းလေး စဉ်းစားမှာပေါ့။ ယှဉ်ပြိုင်သင့်၊ မသင့်ကို စဉ်းစားမယ်။ ရွှေးကောက်ပွဲ ကာလလည်း နည်းနည်းလေးဝေးသေးတော့ ပြင်ဆင်နေတဲ့ ကာလဖြစ်တဲ့အတွက် ဘိုင်သေပြောလို့တော့ မရသေးဘူးပေါ့

ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ရှမ်းပြည်နယ်စည်းရုံးရေးမှူး(ယာယီ) ဦးခင်မောင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(Union Betterment Party - UBP )အား ဦးဆောင်သူမှာ သူရဉီးရွှေမန်းဖြစ်ပြီး ၎င်းပါတီသည် နိုင်ငံရေးပါတီများ ပါတီမှတ်ပုံတင် အမှတ် (၁၁၂) ဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ (၄) ရက်နေ့က ပါတီဖွဲ့စည်းတည်ထောင်ခွင့်ရရှိထားသည့် ပါတီတစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၃၃၀) ကျော်အနက် မြို့နယ် (၂၅၀) ကျော်တွင် ပါတီရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပါတီဝင်အင်အား (၅) သိန်းကျော်ရှိနေကြောင်းနှင့် ပါတီအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် မည်သည့်ပါတီ၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~