COVID-19 ကြောင့် တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် နိုင်ငံခြားသားများကို ဝင်ခွင့် ပိတ်လိုက်ပြီး မတ်လ(၁၉)ရက်နေ့က စ၍ မြန်မာနှင့်ထိုင်းနိုင်ငံသား တို့ကိုသာ ဖြတ်သန်းခွင့်ပြုထားCOVID-19 ကြောင့် တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် နိုင်ငံခြားသားများကို ဝင်ခွင့် ပိတ်လိုက်ပြီးမတ်လ(၁၉)ရက်နေ့က စ၍ မြန်မာနှင့်ထိုင်းနိုင်ငံသား တို့ကိုသာ ဖြတ်သန်းခွင့်ပြုထား

COVID-19 ကြောင့် တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် နိုင်ငံခြားသားများကို ဝင်ခွင့် ပိတ်လိုက်ပြီး မတ်လ(၁၉)ရက်နေ့က စ၍ မြန်မာနှင့်ထိုင်းနိုင်ငံသား တို့ကိုသာ ဖြတ်သန်းခွင့်ပြုထားCOVID-19 ကြောင့် တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် နိုင်ငံခြားသားများကို ဝင်ခွင့် ပိတ်လိုက်ပြီးမတ်လ(၁၉)ရက်နေ့က စ၍ မြန်မာနှင့်ထိုင်းနိုင်ငံသား တို့ကိုသာ ဖြတ်သန်းခွင့်ပြုထား
မတ် 20, 2020
By Tachileik News Agency

COVID-19 ကြောင့် တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် နိုင်ငံခြားသားများကို ဝင်ခွင့် ပိတ်လိုက်ပြီး မတ်လ(၁၉)ရက်နေ့က စ၍ မြန်မာနှင့်ထိုင်းနိုင်ငံသား တို့ကိုသာ ဖြတ်သန်းခွင့်ပြုထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)စင်းအနက် အမှတ် (၁)တံတားကို ဆက်လက် ဖွင့်ထားမည်ဖြစ်ပြီး မြန်မာနှင့် ထိုင်းနိုင်ငံသားများသာ ဖြတ်သန်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)မှနေ၍ မြန်မာနှင့် ထိုင်းနိုင်ငံသား ယာယီနယ်စပ်ဖြတ်သန်းခွင့်ဖြင့် သွားရောက် ခွင့်ပေးထားပြီး အခြားနိုင်ငံသားများကို Entry Permit ဖြင့် ခွင့်ပြုပေးနေရာမှ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ကစ၍ အခြားနိုင်ငံသားများအားလုံးကို ဖြတ်သန်းခွင့် မပေးတော့ခြင်းဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတား (၂)စင်းအနက် ကုန်သွယ်ရေးနှင့် လူနာတင်ယာဉ်များ ဖြတ်သန်းနေသည့် တံတား အမှတ် (၂)ကို မတ်လ (၂၁)ရက်နေ့မှစ၍ ပိတ်ထားမည်ဖြစ်ပြီး ကျိုင်းလပ်မြို့ရှိ မြန်မာ - လာအိုချစ်ကြည်ရေးတံတားကိုလည်း လာအိုဘက်က ပိတ်လိုက်ပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ်များတွင် နယ်စပ်နှစ်နိုင်ငံမှ နိုင်ငံသားများမှလွဲ၍ အခြားနိုင်ငံသားများ ဝင်ရောက်ခွင့်ကို မတ်လ (၁၉)ရက်နေ့မှစ၍ ယာယီကန့်သတ်လိုက်ပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်ရာတွင်လည်း ရောဂါဖြစ်ပွားမှုများသည့် နိုင်ငံပေါင်း (၁၆)နိုင်ငံမှ လာရောက်သူများကို (၁၄) ရက် သီးခြားစောင့်ကြည့်မှု လုပ်ဆောင်နေခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် (COVID 19) မှာ ၂၀၂၀ ခုနှစ်၊ မတ်လအထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ကမ္ဘာ့နိုင်ငံပေါင်း (၁၅၀)ကျော်တွင် ကူးစက်ပျံ့နှံ့နေသဖြင့် ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နယ်စပ်ဝင်ထွက်ပေါက်များ၊ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်များတွင် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများကို ဆောင်ရွက်နေသည့်အပြင် တရုတ်နိုင်ငံသားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေခြင်းကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှစ၍ ရပ်ဆိုင်းထားပြီး ရောဂါဖြစ်ပွားမှုမြင့်နေသည့် တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နှင့် ဂျာမနီနိုင်ငံများမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသူတိုင်းကို (၁၄) ရက်သီးသန့်စောင့်ကြည့်ခြင်းအား ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့မှစတင် ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~