တာချီလိတ်ခရိုင်အတွင်းထဲက မိုင်းယုမြို့တွင် မိုးသက်လေပြင်းနှင့်အတူ မိုးသီးများကျရောက်

တာချီလိတ်ခရိုင်အတွင်းထဲက မိုင်းယုမြို့တွင် မိုးသက်လေပြင်းနှင့်အတူ မိုးသီးများကျရောက်
မတ် 20, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်းထဲက မိုင်းယုမြို့တွင် မိုးသက်လေပြင်းနှင့်အတူ မိုးသီးများကျရောက်

မြန်မာ - တရုတ်နယ်စပ်ဒေသ၊ မိုင်းယုမြို့တွင် မတ်လ (၂၀)ရက်နေ့ ညပိုင်းက မိုးသက်လေပြင်းနှင့်အတူ မိုးသီးများ ပြင်းထန်စွာ နာရီဝက်နီးပါး ကျရောက်ကြောင်း သိရသည်။

"နာရီဝက်သာသာကြာမယ်၊ လေတိုက်လာပြီး မိုးနဲ့မိုးသီး တစ်ပြိုင်ထဲ ရွာချတော့တာ၊ လေပြင်းချက်ကတော့ ပုံးတွေ၊ ခြင်းတောင်းတွေတောင် လွင့်သွားတယ်။ သင်္ကြန်အကြိုမိုးလို့ မထင်ဘူး မီးခိုးမြူငွေ့ကျရောက်မှုများတာကြောင့် ဒီလိုအချိန်အခါမဟုတ် ရာသီဉတုဖောက်ပြန်တာလို့ယူဆမိတယ်"ဟု မိုင်းယုမြို့နေ ဒေသခံ တစ်ဉီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ၂၀၂၀ခုနှစ် မတ်လ(၂၀)ရက်နေ့ ည(၈)နာရီဝန်းကျင်စ၍ နာရီဝက်နီးပါး မိုးသက်လေပြင်းနှင့်အတူ မိုးသီးများကျရောက်မှုကြောင့် လူနှင့်နေအိမ် ထိခိုက်မှု ရှိမရှိကိုတော့ မသိရှိရသေးကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုကိုနိုင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~